အေးစိမ့်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် အခန်းတစ်ခု လူသူကင်းမဲ့လျက် နန်းတော်၏အနောက်ဘက် တိတ်ဆိတ်စွာတည်ရှိနေသည်။ ပင့်ကူချည်မျဉ်များစွာဖြင့် မျက်နှာကြပ် နံရံများတွင် ရစ်ပတ် ရှုပ်ထွေးလျက် ညစ်ပတ်ရွံရှာဖွယ် ပိုးမွှား တိရစ်ဆာန်ပေါင်းများစွာ၏ က်က္စားရာ နေ့ဘက်တွင်အလင်းရောင် မိန်ွပပွသာရှိ၍တစ်ချိန်လုံးမှောင်မဲနသောဤနေရာ။မကြျစိရှေ့မှ မြင်ကွင်းအား ဝိုးတိုးဝါးတာသာ ွမင်ရသော မနှစ်မြို့ဖွယ်မြင်ကွင်းနှင့်အတူ ညစ်ပတ်နံစော်လှသည့် နေရာတွင် အချိန်ကြာမြင့်စွာ ပိတ်လှောင်ခံရကာ မည်သူမှ လာရောက်ကြည့်ရှုမည့်သူမရှိသည့် တစ်ချိန်က မင်းကြီးဝမျးရှနျးယု၏ အချစ် ဆုံးမိဖုရားဖြစ်သည့် ဝမ်ကျင်းလန်မိဖုရားပင်။ဆာလောင်မွတ် သိပျမှု ၊ အထီးကျန်ဆန်မှု၊ ခြောက်ခြားမှု ၊ ကြောက်ရွံ့မှု ၊ မုန်းတီးမှုများ မိမိရင်သွေးအား ဆုံးရှုံးလိုက်ရသည့်စိတ်များကြောင့် တစ်ခါတစ်ရံ စိတ်အလျဉ်းမှာ မမှန်ချင်သလိုပင်။ တိုးလျစြာ ငိုငြီးနေလိုက်၊ ဆုံးရှုံးသွားသည့် ရင်သွေးအား သတိရစိတ်များဖြစ်ပေါ်နေလိုက်၊ အမှတျတရများအားပြန်တှေးမိကာ အော်ဟစ်ရယ်မောနေလိုက်ဖြင့် အရူးတစ်ယောက်ပမာ ခြောက်ခြားစွာ ရှငျသန်နေရသည်။
အသက်ပင်ဆက်မရှင်ချင်လောက်အောင် မိမိဘဝကိုစိတ်ပျက်နေမိသည်။ တစ်ချိန်က အကောင်းဆုံးသော အစားအစာ အသုံးဆောင်များကို သုံးခဲ့ရသည့် မိမိ ယခုအခါ သိုးပုပ်နေသည့် အစားအစာ အကျန်များစားနေရပြီး မှောင်မဲ ညစ်ပတ်နေသည့် နေရာတွင် နေထိုင်နေရသည်။ တစ်ချိန်က အသဲနင့်အောင်ချစ်ခဲ့ရသော ချစ်ရသူမင်းကြီး သူမအား လာကြည့်မည့်အချိန်ကို တစ်ခါတစ်ရံမျှော်လင့်နေမိသော်လည်း မင်းကြီးမှာ ရောက် မလာပေ။ လှည့်စားတတ်သည့် ကံကြမ္မာအား လှောင်ပြောင်ရီမောရင်း တစဈစစ်နာကျင်လာသော ဝမ်းဗိုက်နေရာ နာကျင်မှာအား အံတုရင်း နှုတ်ခမ်းပါးအား သွားဖြင့်ဖိကိုက်ထားသည်မှာ သွေးများပင် ယိုစီးကျနေလေပြီ ။ နာကျင်မှုအား သည်းခံနိုင်ခြင်းမရှိတော့လေဘဲ မြက်လုံးအတွင်းအမှောင်အတိကကြာ လောကကြီး၏ အရာရာအား မေ့ပျောက်သွားခဲ့သည်။
YOU ARE READING
အချစ်ဆုံးမို့ မမုန်းရက်ပါ အခ်စ္ဆုံးမို႔ မမုန္းရက္ပါ (Oneshot)
Short StoryNormal oneshot လေးပါ