Part 1

13.3K 402 11
                                    

Unicode Version

မြတ်နိုးမိတဲ့ ခဏတာက.....တဘဝစာ (အပိုင်း -၁)

အလင်းကြွေခ။ နာမည်ကြားလိုက်ရရင်တော့ နာမည်ကြီးရုပ်ရှင်မင်းသမီး။ ဒါမှမဟုတ်။ မင်းသား။ ဝတ္ထုAuthor အဲ့လိုထင်ကြမှာပေါ့။

Light Down Emperor Corporation ရဲ့ CEO ။ ဆိုတာတော့ မြင်ဖူးသူမှ သိလိမ့်မည်။ စီးပွားရေး‌နယ်ပယ်မှာဆိုရင် တော့ အလင်းကြွေခကို မသိသူရှားသည်။ အလွန်ဂုဏ်သင်းကျော်ဇောသည်။ သူမရဲ့ ဂုဏ်သတင်းကျော်ဇောခဲ့တဲ့ နာမည်‌ေလးက Economic Evils. သူမ နဲ့ ထိတ်တိုက်တွေ့တဲ့ မည်သူမဆို သူမကိုရှောင်သည်။

မရှောင်လို့လဲ မရဘူးလေ။ အသေးဆုံးလုပ်ငန်းဖြစ်တဲ့ ကုန်ပစ္စည်းလေလံကိစ္စတောင် သူမဘက်ကလက်လျော့လိုက်ရပြီဆိုရင် သူမနဲ့ အတိုက်အခံဖြစ်ခဲ့သူက နောက်တရက်နေထွက်တာကိုပင် မြင်ရမည်မဟုတ်။

သက်ညှာမူ့မရှိ။ Corporation တစ်ခုလုံးတွင် လုပ်ငန်းခွဲပေါင်း ၂၀ နီးပါနှင့် စက်ရုံ၈ရုံကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး သူဌေး ဖြစ်သည်။ အချမ်းသာဆုံးစာရင်းထဲတွင်(တရားဝင်) သူမ တတိယနေရာတွင် ရပ်တည်နေသည်။

သူမ အသက် ၃၀ မှာ အခု ထိဖြစ်လာဖို့ အများကြီး ပေးဆပ်ခဲ့ရတာလေ။ ကိုယ့်ရဲ့ အကို ကိုပင် သေစေလောက်တဲ့ အထိ။ ဒါက အလင်းကြွေခ ရဲ့ Biography လေးပါ။ အကြမ်းဖျင်းပေါ့။ သူမနဲ့ ပါတ်သတ်တဲ့ တခြားအသေးစိတ်ကလေးတွေ‌‌ေတာ့ ဖြေးဖြေးချင်း ထည့်သွားပေးပါမယ်။

အလင်းကြွေခရဲ့ Daily Schedule အရဆိုရင် ဒီနေ့ ကုန်သည်ကြီးများအစည်းအဝေးကို တက်ရမှာဖြစ်သည်။ ဒါက မနက်စောစော သူမရဲ့ အနီးကပ် အတွင်းရေးမှူး မင်းသန့်က

"မြေပိုင်ရှင်က မညှိပေးလို့။ ကျွန်တော်တို့ကလေးတွေ စကားသွားပြောတာ လက်လွန်သွားပါတယ်သူဌေး"

မနက်စာ နွားနို့သောက်ရင်း

"သေသွားတယ်ဆိုပါတော့"

"ဟုတ်ကဲ့"

"ဒါဆို။ မြေကကော"

"မြေပိုင်ရှင်ရဲ့ မိန်းမက ရောင်းပေးပါမယ်တဲ့"

မြတ်နိုးမိတဲ့ခဏတာက------တဘဝစာ (GL -Z+U)Where stories live. Discover now