Unicode version
မြတ်နိုးမိတဲ့ခဏတာက....တဘဝစာ (အပိုင်း-၁၂)
မချစ်ဖူးပေမယ့် အခုလို ငေးကြည့်နေရတာကို ကြိုက်နေတဲ့ အဖြစ်က ကိုယ့်သာသာကိုယ်မေးမိတယ် အဲ့တာ ဘာဖြစ်တာလဲ။ လီလီကို မြင်ရင် တခြားဘာမှ မမြင်။
သူမ ထက် အရပ်နိမ့်ပေမယ့် ။ အရမ်းကြီးပုတာမျိုးမဟုတ်ဘဲ။ အရာရာ စပ်စုနေတဲ့ ပံုရိပ်ကပျောက်မသွားတဲ့အတွက်။
"ဒါဆို....ကျွန်တော်ဝယ်လိုက်မယ်နော် မမ"
တုံ့ပြန်မူ့မရှိ။
"မမ" နိုး။ သူမ ပုံစံကတခုခုကိုစဉ်းစားသလိုနဲ့ လီလီ့ကျောကိုပေါက်ထွက်မတက်ကြည့်နေတာကြောင့်
"ခလွမ်း"
။ဆိုမှ ဆတ်ခနဲ့ အသိဝင်လာသည်။
"ဘာ....ဘာဖြစ်တာလဲ"။
အလင်း ရင်ဘက်ကို လက်ကလေးနဲ့ ဖိထားတယ်။
ဇီကာက
"လက်ထဲကလွတ်ကျသွားတာ။ မမ" အလင်း ချောင်းတစ်ချက်ဟန့်လိုက်သည်။ ထိုအခါမှ စာချုပ်ကိုသေချာပြန်ဖတ်ေနသည်။
ဇီကာ အံကြိတ်ထားသည်။ လီလီဆိုတဲ့ မိန်းမကို တချက်စောင်းကြည့်ရင်း
"ကျွန်တော်သဘောကျတယ်။ ဝယ်လိုက်တော့မယ်နော်"
ပြန်မဖြေ။ အခုမှ စာချုပ်ကို သည်းကြီးမည်းကြီးဖတ်နေတော့။ အတော်ကြာမှ
"ဝယ်လေ။ စာချုပ်ချုပ်လိုက်တော့။ အဆင်ပြေပါတယ်။ ပစ္စည်းသိုလှောင်ဖို့နေရာလဲ ပါတော့ အဆင်ပြေတယ်။ "
"ဒါပေမယ့် ဈေးများနေသလားလို့။"
"မများပါဘူး။ ဒီလောက်လေးက......"
"ဟုတ်"
"ရပြီမဟုတ်လား။ ဝယ်ပြီးရင် Decorations ကို သေချာလုပ်။ ဖွင့်ပွဲကိုလဲ စိတ်ကြိုက်လုပ်။ Ok?" ဇီကာ ပြုံးလုိက်သည်။
သူ မမက သွေးသားအရင်းမဟုတ်တာတောင် ဒီလောက်အလိုလိုက်တာ။
"ဟုတ်။ မမ" ဆိုတော့ အလင်း ထရပ်ပြီး ကုတ်အင်္ကျီကို ယူကာ
"လီလီ။ ပြန်ရအောင်"
"အော။ ဟုတ်" လက်မဆွဲရုံတမယ် ခေါ်နေတာ သိနေတော့ ဇီကာ အတော်ကိုစိတ်တိုနေပါပြီ။ အပြင်ဘက်ထိလိုက်လာတော့။
YOU ARE READING
မြတ်နိုးမိတဲ့ခဏတာက------တဘဝစာ (GL -Z+U)
Lãng mạnLight Down Empire ရဲ့အလင်းကြွေခ။ တက္ကသိုလ်ကျောင်းသူလေး လီလီ တို့ရဲ့ အချစ်ဇာတ်လမ်း။ Own Creation လေးမို့ အားပေးကြပါအုံးနော်.