​Unicode

2.5K 142 10
                                    

ပျော်ရွှင်​သောအရပ်

By
Coo Coo

မီး​ရောင်စုံတဖျတ်ဖျတ်နဲ့ သီချင်းသံ​တွေဆူညံ​နေတဲ့ ကလပ်ထဲကို ဂုဏ်ဝင်လာခဲ့ကာ တစ်စုံတစ်​ယောက်ကိုရှာ​ဖွေရ​တော့သည်။ ​မျက်စိကိုအလုပ်​ပေးရင်းနဲ့ ထောင့်နားက နံရံကပ်ဆိုဖာ​စားပွဲဝိုင်း​​တွေဆီမှာ​တွေ့လိုက်ရသည်။ သူတစ်​ယောက်တည်း​တော့မဟုတ်ပါ သူ့အ​ပေါင်းအသင်း​တွေဟုထင်ရ​သော ခပ်ငယ်ငယ်​ကောင်​လေး​တွေ​ကောင်မ​လေး​တွေနဲ့ လူအုပ်က​တောင့်သည်။ ဂုဏ်ထိုနားထိ​​ရောက်အောင်တိုးတိုက်သွား​ပေမဲ့ ထို​တစ်​ယောက်က​တော့သိပုံမရ vodka ​ခွက်ကို​သောက်​နေကာ အ​ပေါင်းအသင်း​တွေနဲ့​ဝေးလားဝါးလားလုပ်​နေ၏။ အရက်ခွက်ကိုထပ်​​သောက်မည့်ဟန်ပြင်​နေတဲ့သူကို လက်​မောင်းက​နေကိုင်ကာဟန့်တားလိုက်​​တော့​မော့ကြည့်လာ၏။ သူက​တော့ ​ဂုဏ်တို့ရောင်​လေး​လို့ခေါ် ကြတဲ့ သက်တန့်​ရောင်စဥ်ပင်ဖြစ်သည်။

"ကိုဂုဏ် ဘယ်လို​ရောက်လာတာလဲ"

"အန်တီကဖုန်းဆက်လို့ အလုပ်ကအပြန်ဝင်​ခေါ်တာ ထ ပြန်မယ်"

သီချင်းသံစဥ်​တွေကြားစကားသံ​တွေကြား​ပေါက်​အောင် အသံကိုမြှင့်၍​ပြော​နေရသည်။ ထိုတစ်​ယောက်က သူ့လက်​မောင်းကိုကိုင်ထားတဲ့ဂုဏ့်လက်တစ်ဖက်ကို ရုန်းဖယ်လိုက်ကာ...

"ကျွန်​​တော်မပြန်​သေးဘူး ကားပါတယ် ကိုဂုဏ်နဲ့ကပ်လိုက်စရာမလိုဘူး ကိုဂုဏ်ကိုယ့်ဘာသာကိုယ်ပြန်လိုက်​တော့"

"မရဘူး ကိုယ်နဲ့ပြန်လိုက်ခဲ့ရမယ် အန်တီစိတ်ပူ​နေတယ် လာထ"

ဂုဏ်က အတင်းဆွဲထူ​တော့ မထချင်ပဲထလာရတဲ့ပုံနဲ့ ဂုဏ့်​နောက်ကိုပါလာ၏။

"​​ဟေ့​ရောင်သက်တံ့ အိမ်​ရောက်ရင် ဟန်​နေကစကားပြန်​ပြောပါဦးတဲ့"

​နောက်က​နေ သူ့သူငယ်ချင်း​တွေ​လှမ်း​အော်​ပြော​​တော့ သူ့ကိုစကားပြန်ခွင့်မရ​အောင်လက်ကိုခပ်မြန်မြန်ဆွဲ​ခေါ်လာခဲ့​တော့ ယက်ကန်ယက်ကန်ပါလာ၏။ ကလပ်အပြင်ဘက်​ရောက်တာနဲ့ လက်ကို​စောင့်ရုန်းကာ

ပျော်ရွှင်​သောအရပ်...Where stories live. Discover now