"မိုးလေဝသခန့်မှန်းမှုများအရ မနက်ဖြန်မှာ ပထမဆုံးနှင်းကျနိုင်ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် နွေးထွေးစွာ............."
Knock* Knock*
အိမ်ရှေ့တံခားခေါက်သံကြောင့် TV ကို ပိတ်လိုက်ပြီး တံခါးဆီသို့ လျှောက်လာလိုက်သည်။
"Minho Hyung? လာ၊ အထဲဝင်လေ။"
"Seungmin..မင်းအတွက်တဲ့"
ကျကျနနခေါက်ထားတဲ့ စာကို Seungmin လက်ထဲ ထည့်ပေးပြီးနောက် Minho လည်း ပြန်ထွက်လာလိုက်၏။
ဘယ်သူက ဘာအကြောင်းနှင့်ပေးတဲ့ စာမှန်း အသိပေးခြင်းမရှိဘဲ လက်ထဲ အတင်းထိုးထည့်သွားတဲ့ စာရွက်ခေါက်လေးကို နားမလည်နိုင်စွာ ကြည့်နေမိသည်။
Minho ကို မေးဖို့ကြိုးစားပေမဲ့ ကြားလိုက်ရတဲ့ ကားသံအရ Chan နှင့်အတူ ထွက်သွားနှင့်ပြီဖြစ်သည်။
ဤသို့ဖြင့် အခြားရွေးချယ်စရာမရှိတော့ဘဲ စာကိုဖွင့်ဖတ်ပြီး အဖြေညှိရန်သာ ဖြစ်လာခဲ့သည်။
Kim Seungmin မင်းမေးခဲ့တဲ့မေးခွန်းအတွက် အရိုးသားဆုံးအဖြေပေးမှာမလို့ နောက်ဆုံးအနေနဲ့ တွေ့လို့ရမလား?
❄
စိုထိုင်းနေတဲ့ရာသီဥတုက မုန်းစရာပါပဲ။ တိတ်ဆိတ်လွန်းတဲ့ လမ်းမကလည်း လူသူမရှိတဲ့အလား။
ကျွီ...
မဖွင့်ဖြစ်တာကြာလို့ထင်ပါရဲ့..အနည်းငယ် တင်းကျပ်နေတဲ့ တံခါးက ဖွင့်လိုက်တဲ့အခါ ကျွီခနဲ အသံထွက်ပေါ်လာသည်။
မြူတွေရိုက်ထားတာကြောင့် မှန်ကလည်း ဝိုးတဝါး။
သံချေးပင် အနည်းငယ်တက်ချင်နေတဲ့ အံထဲသို့ အကြွေစေ့တစ်ပြားကို သွင်းလိုက်သည်။
အနက်ရောင်ဖုန်းကို ၎င်းနေရာမှ ယူကိုင်ရင်း
ရင်းနှီးနေတဲ့ နံပါတ်တစ်ခုကို ခေါ်ယူသည်။အချိန်တစ်ခုကြာအောင် ခေါ်ယူခဲ့ခြင်းမရှိခဲ့သည်မို့ အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိသည်။
YOU ARE READING
Winter Falls • 황승
Fanfictionနှင်းတွေကျတဲ့ ဒီဇင်ဘာလရယ်။ ပြီးတော့ လူသုံးယောက်ရယ်။ - Inspired by 'Winter Falls' - Written in Burmese