"မိုးလေဝသခန့်မှန်းမှုများအရ မနက်ဖြန်မှာ ပထမဆုံးနှင်းကျနိုင်ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် နွေးထွေးစွာ............."
Knock* Knock*
အိမ်ရှေ့တံခားခေါက်သံကြောင့် TV ကို ပိတ်လိုက်ပြီး တံခါးဆီသို့ လျှောက်လာလိုက်သည်။
"Minho Hyung? လာ၊ အထဲဝင်လေ။"
"Seungmin..မင်းအတွက်တ့ဲ"
ကျကျနနခေါက်ထားတ့ဲ စာကို Seungmin လက်ထဲ ထည့်ပေးပြီးနောက် Minho လည်း ပြန်ထွက်လာလိုက်၏။
ဘယ္သူက ဘာအကြောင်းနှင့်ပေးတ့ဲ စာမှန်း အသိပေးခြင်းမရှိဘဲ လက်ထဲ အတင်းထိုးထည့်သွားတ့ဲ စာရွက်ခေါက်လေးကို နားမလည်နိုင်စွာ ကြည့်နေမိသည်။
Minho ကို မေးဖို့ကြိုးစားပေမ့ဲ ကြားလိုက်ရတ့ဲ ကားသံအရ Chan နှင့်အတူ ထွက်သွားနှင့်ပြီဖြစ်သည်။
ဤသို့ဖြင့် အခြားရွေးချယ်စရာမရှိတော့ဘဲ စာကိုဖွင့်ဖတ်ပြီး အဖြေညှိရန်သာ ဖြစ်လာခ့ဲသည်။
Kim Seungmin မင်းမေးခဲ့တ့ဲမေးခွန်းအတွက် အရိုးသားဆုံးအဖြေပေးမှာမလို့ နောက်ဆုံးအနေနဲ့ တွေ့လို့ရမလား?
❄
စိုထိုင်းနေတ့ဲရာသီဥတုက မုန်းစရာပါပဲ။ တိတ်ဆိတ်လွန်းတ့ဲ လမ်းမကလည်း လူသူမရှိတ့ဲအလား။
ကျွီ...
မဖွင့်ဖြစ်တာကြာလို့ထင်ပါရဲ့..အနည်းငယ် တင်းကျပ်နေတ့ဲ တံခါးက ဖွင့်လိုက်တ့ဲအခါ ကျွီခနဲ အသံထွက်ပေါ်လာသည်။
မြူတွေရိုက်ထားတာကြောင့် မှန်ကလည်း ဝိုးတဝါး။
သံချေးပင် အနည်းငယ်တက်ချင်နေတ့ဲ အံထဲသို့ အကြွေစေ့တစ်ပြားကို သွင်းလိုက်သည်။
အနက်ရောင်ဖုန်းကို ၎ေနရာမွ ယူကိုင်ရင်း
ရင်းနှီးနေတ့ဲ နံပါတ္တစ္ခုကို ခေါ်ယူသည်။အချိန်တစ်ခုကြာအောင် ခေါ်ယူခ့ဲခြင်းမရှိခ့ဲသည်မို့ အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိသည်။
တီ...တီ...တီ
အချိန်အတန်ကြာအောင် မြည်နေတ့ဲဖုန်းကို ပြန်လည်ဖြေကြားလာခြင်း မရှိချေ။ အနည်းငယ် စိတ်ပျက်မိပေမ့ဲလည်း voice message ချန်ခ့ဲလိုက်သည်။
YOU ARE READING
Winter Falls • 황승
Fanficနှင်းတွေကျတဲ့ ဒီဇင်ဘာလရယ်။ ပြီးတော့ လူသုံးယောက်ရယ်။ - Inspired by 'Winter Falls' - Written in Burmese