OneShot💙

2.5K 259 47
                                    

'' မောင် ''

သီချင်းရေးဖို့ Melody ရှာနေတုန်း စောင်ပုံထဲမှ တိုးလျလျ ပြန်လွှင့်လာသည့် အသံကြည်ကြည်လေးကြောင့် Mac book အား ဘေးသို့ပြန်ချထားလိုက်မိသည် ။

'' မောင့် အဆိုးလေး နိုးလာပြီလား ''

ပြောနေရင်းနှင့်ပင် လက်နှစ်ဖက်အား ဆန့်တန်းပေးလိုက်တော့ စောင်ပုံထဲမှ ကုန်းရုန်းထလို့လာကာ ရင်ခွင်ထဲ ပြေးဝင်လို့လာလေ၏ ။

'' ဘာတွေလုပ်နေတာလဲဟင် ''

လက်သေးသေးလေးတွေနှင့် မျက်လုံးလေးများအား ပွတ်သပ်ကာ ပြောလို့လာသည်မို့ ထိုလက်သေးသေးလေးအား အမြန်ပင် ဖမ်းယူကာ ဆွဲထားလိုက်ရသည် ။ထို့နောက် နှုတ်ခမ်းပါးများကော့တက်ယုံပြုံးလိုက်မိပြီး သူ့လက်မလေးနှင့် မျက်ဝန်းအိမ်နားက အညစ်အ​ကြေးလေးများအား အသာအယာ ဖယ်သုတ်ပေးလိုက်မိသည် ။

'' မောင် ဘယ်နှခါပြောရမလဲ.... မျက်လုံးတွေ အရမ်းမပွတ်ပါနဲ့ဆိုတာကို ''

ထိုအခါကျမှ ခေါင်းလေးတချက်ပုဝင်လို့သွားကာ သွားတန်းဖြူဖြူလေးတွေပေါ်သည်အထိ ပြုံးပြလို့လာလေ၏ ။

'' ဟီး...မေ့သွားလို့ပါ မောင်ရဲ့ ''

'' အင်း နောက်တခါဆို အဲ့လက်လေးတွေ မောင်ဆွဲကိုက်ပစ်မှာနော် သည်းငယ် ''

'' အင်းပါ..... ခုမှနိူးတာကို ဆူပူနေတာပဲ Jeon jungkook က ''

စွဲစွဲလမ်းလမ်း မြတ်နိုးခဲ့ရတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေက အလိုမကျဟန်ဖြင့် စူထော်လို့လာလေ၏ ။

'' ဆူပူနေတာ မဟုတ်ဘူးလေ....ပြီးရင် မျက်လုံးတွေအောင့်လို့ပါဆိုပြီး လူကို ဂျီဂျီကျတတ်တာ ဘယ်သူမို့လဲ ဟမ်! မောင့်ကိုပြောပါဦး ''

နှာခေါင်းလုံးလုံးလေးအား အသာဆွဲညစ်ကာ ပြောလိုက်တော့ မျက်ဝန်းလဲ့လဲ့ လေးတွေနှင့် ထိုးချလို့လာသည့် မျက်စောင်းများမှာ ဒိုင်းကနဲ ။ သူတချက်ထရယ်မိလိုက်သည်။

'' အဟား....လူကိုအသည်းယားအောင်ကွာ ဒီအကောင်ပေါက်လေးက..... ကဲ စိတ်ငြိုငြင်တော်မမူလိုက်ပါနဲ့ မျက်နှာသွားသစ်ကြရအောင်နော်... မောင် သွားလိုက်တ်ိုက်ပေးမယ်လေ ''

You've reached the end of published parts.

⏰ Last updated: Oct 30, 2022 ⏰

Add this story to your Library to get notified about new parts!

Love Story Of Laguna 💙Where stories live. Discover now