Zawgyi

346 53 2
                                    

ဝါးရုံတောအုပ်ထဲမှာ ကောင်းလေးနှစ်ယောက်ယှဉ်ကာ လမ်းလျှောက်လာရင်း အဖြူရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသည့်လူငယ်လေးဟာ ဝါးရွက်များကို ကြည့်ရင်း...

"ဒီနှစ်ပိုင်းအတွင်း အများကြီးဖြစ်ပျက်ခဲ့တာပဲနော် လောင်မု"လို့ သူ့ဘေးက သူ့ထက်အရပ်အနည်းငယ်ရှည်ကာ တည်ကြည်ကာ ခန့်ညားသည့်ယောကျာ်းပျိုကို လှည့်ကာကြည့်ရင်း ပြောလိုက်တော့ ထိုယောကျာ်းပျိုဟာ သူဘက်ကို လှည့်ကာကြည့်လာပြီး သူရဲ့အနက်ရောင်ဆံပင်ရှည်အဖျားလေးကို ယူကာ နမ်းရှိုက်လိုက်ရင်း

"ကိုယ့်ကို ရွေးချယ်ခဲ့လို့ ကျေးဇူးတင်ပါတယ် ချင်းရုံ "လို့ ပြောလိုက်တော့ ချင်းရုံရဲ့မျက်လုံးလေးများဟာ လခြမ်းသဏ္ဍာန်ကွေးသွားပြီး နူတ်ခမ်းလေးများဟာလည်း လှပစွာပြုံးသွားကာ ထိုယောကျာ်းပျိုရဲ့ကြီးမားတဲ့လက်ကို ကိုင်လိုက်ပြီး

"သိလား... ခင်ဗျားက ကျွန်တော့်အတွက် အရိပ်အာဝါသရပေးတဲ့အိမ်တစ်အိမ်နဲ့တူတယ် လောင်မု  ခင်ဗျားနားနေရင်လေ ကျွန်တော်ဘယ်လောက်ထိတောင် ကျွန်တော်ရဲ့စိတ်တွေအေးချမ်းတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်ပဲသိတယ်... ပြီးတော့ ခင်ဗျားက ကျွန်တော်ရဲ့နေမင်းကြီးလိုပဲ ခင်ဗျားရှိနေရင် အခြားသူတွေကို ကျွန်တော်လှည့်မကြည့်နိုင်တော့ဘူး "

"မင်း ကိုယ့်ကို အခု ဖြားယောင်းနေတာလား?" လောင်မုဟာ သူရဲ့ခါးတွေကို ဖက်တွယ်လာတာကြောင့် ချင်းမုရဲ့မျက်နှာပင်မက နားများပင် ရဲတက်သွားပေမယ့် လောင်မုရဲ့အထိအတွေ့ကိုတော့ ရှောင်ဖယ်ခြင်းမပြုပေ၊

"ကျွန်တော်က ကျွန်တော်တို့နှစ်ယောက်စတင်တွေ့ရှိတဲ့ ဒီဝါးရုံပင်တောအုပ်ထဲမှာ ကျွန်တော်ရဲ့ခံစားချက်ကို ဖွင့်ပြရုံသက်သက်ပါ"

"အင်း...အဲ့တာဆို ကိုယ်လည်း ကိုယ်ရဲ့ခံစားချက်တွေကို ဝေမျှစေတာပေါ့"

လောင်မုတစ်ယောက် အရင်နှစ်က ဒီဝါးရုံတောအုပ်ထဲမှာ ဖြစ်ပျက်သမျှကို ပြန်လည်တွေးတောမိခဲ့သည်၊ထိုနှစ်က ဒီဝါးရုံတောအုပ်ထဲမှာ သူစိတ်ကူးပေါက်ပြီး ပျော်ပွဲရွှင်ပွဲကျင်းပရင်း လူငယ်တွေအားလုံး တက်ရောက်ရမည့် အမိန့်ထုတ်ပြန်ခဲ့သည်၊သူ့လို အိမ်ရှေ့မင်းသားတစ်ပါးအတွက်တော့ ထိုသို့သော အမိန့်ဟာလွယ်ကူခဲ့သည်မလား၊

🎉 You've finished reading ဝါးရုံပင်တောရဲ့ချစ်ခြင်းဖွဲ့လင်္ကာ(Oneshot) 🎉
ဝါးရုံပင်တောရဲ့ချစ်ခြင်းဖွဲ့လင်္ကာ(Oneshot)Where stories live. Discover now