Candle part. 3 (U&Z)

132 13 0
                                    

အမ်...ဘယ်ရောက်သွားတာလဲဟ..

ရိပေါ်အခန်းပြန်ရောက်တော့ခုနကမူးနေတဲ့သူမရှိတော့ဘယ်သွားတာလဲသန့်စင်ခန်းလားအိပ်ယာလား...

မရှိဘူး...

အမူးပြေပြီးပြန်သွားပြီနေမယ်...

ကောင်းတာဘဲ...ငါအလုပ်ရှုပ်သက်သာတယ်

ရိပေါ်လည်းခရီးအတွက်ပြင်ဆင်ရတယ်
ဒီခရီးကရိဟန်ကိုယ်စားတက်ရခြင်း..
ရိဟန်ကိုမြန်မြန်နေကောင်းစေချင်ပါတယ်ဒါမှသူလည်းအေးချမ်းမှာ..

ခုလိုရှုပ်ထွေးနေတဲ့လောကကြီးထဲမနေရမှာ..

ရိပေါ် ရှန်ဟိုင်းကနေပေကျင်းကိုသွားလိုက်တယ်

ဟိုရောက်တော့ညနေစောင်းနေပြီသူလာတဲ့ပွဲကညတဲ့ဒီညပွဲတက်ပြီးမှမနက်ကျမှဆွေးနွေးကြရမှာ..

အမှန်ဆိုဒီလိုပွဲမျိုးသူမတက်ချင်တာအမှန်ဒါပေမဲ့လည်းမလွဲသာ၍တက်ရခြင်းပါးကလည်းနေမကောင်းသောကြောင့်သူ့ခေါင်းပေါ်ရောက်လာခြင်း...

သူအခုဆွေးနွေးရမဲ့ ကုမ္ပဏီ ကSean company တဲ့...အဆင်ပြေနေဖို့ဘဲတွေးရတာပေါ့..

ရိပေါ်ပွဲထဲကိုရောက်တော့ကြောင်တောင်တောင်ဖြစ်နေလေပြီ
ဒီလိုပွဲမျိုးသူမတက်ခဲ့ဖူးပါ
စားစရာထက်သောက်စရာများပြီးသောက်နေကြတဲ့သူတွေချည်း
ဟိုကြည့်ဒီကြည့်နဲ့ကြည့်မိတော့..

တွေ့ပြန်ပြီဟိုငမူးကောင်ဘယ်လိုရေစက်ပါလိမ့်မနေ့ကလည်းတွေ့ဒီနေ့လည်းတွေ့တယ်မသိဘူးဝေးဝေးရှောင်မှ

ခနကြာတော့လာမိတ်ဆက်တဲ့သူတွေရှိကြတယ်သူကWang group ရဲ့သားမှန်းသိကြ၍မိတ်ဆက်တာရောလုပ်ငန်းအရရောပေါ့..

ပွဲပြီးလို့ပြန်လာတော့သူအခန်းထဲလွတ်လွတ်လပ်လပ်နားမယ်ဆိုပြီးကုတင်ပေါ်အိပ်လှဲလိုက်တယ်....

မျက်လုံးမှိတ်ပြီးအသက်ကိုပြင်းပြင်းရှူလိုက်တယ်မွန်းကြပ်လိုက်တာတကယ်ဘဲ...

နားနေရင်းမှရေချိုးခန်းထဲကရေသံကြားရတာကိုသတိထားမိတယ်သူလည်းရေမဖွင့်ထားပါဘူးဒါဆိုဘာလဲသရဲလား..

အာ...မဖြစ်နိုင်ပါဘူး..

ရိပေါ်ရေချိုးခန်းတံခါးနားကပ်ကာအနီးနားကပန်းအိုးတအိုးကိုဆွဲယူထားလိုက်တယ်ပြီးမှရေချိုးခန်းတံခါးကိုခေါက်လိုက်တယ်...

CandleWhere stories live. Discover now