Intro.....

343 13 3
                                    

Rose ဆိုတာ
အရမ်းရက်စက်တဲ့ မိန်းမတစ်ယောက်....

သူ့ ချစ်ရတဲ့ သူ့အသည်းငယ်အတွက်ပဲ
သူ့ရဲ့ ရက်စက်တဲ့ Dark side ကို မပြတာ....

ဘယ်သူသိမလဲ...
သူချစ်ရတဲ့ အသည်းငယ်က
သူ့ကို သေစေချင်နေတဲ့သူဆိုတာ.....

----–------------------------------------

"ဘယ်ရောက်သွားလဲ "

"ဟိုဘက်မှာ လူရိပ်တွေ့လိုက်တယ်
လိုက်ကြ"

အမှောင်ယံ ကြီးစိုးနေတဲ့
ညတစ်ည.....

တကယ့်ကို ခြောက်ခြားဖွယ်ကောင်းတယ်
သေနတ်သံတွေ...
ဆဲဆိုသံတွေနဲ့ လူတစ်ယောက်နောက်ကို
အသည်းအသန် ပြေးလိုက်နေသူတွေ.....

အမှောင်ရိပ်ထဲမှ လူတစ်ယောက်ကတော့
သူ့ မျက်ဝန်းစိမ်းတွေနဲ့
စူးစိုက်ကြည့်ပြီး ပျောက်ကွယ်သွားတယ်....

"Rose နင်ဘယ်မှာလဲ"

"ငါ LSY ရောက်နေတယ်
ပြန်လာတာ"

"ဘာ နင်ရူးနေလားးး
အခုချက်ချင်းပြန်ထွက်လာခဲ့
နင် ဘယ်လိုပြေးလာခဲ့လဲဆိုတာ
နင်မသိဘူးလား
ပြန်လာခဲ့
ငါ အပြင်ဘက်မှာရှိတယ်
အမြန်လာ"

"မလာဘူးး"

"Rose နင် ခေါင်းမမာစမ်းပါနဲ့"

"ငါ့ တူလေး
တစ်ယောက်တည်း ကျန်ခဲ့တယ်
ငါ သွားခေါ်ရမယ်
ဒါပဲ မယ်ရီ
ငါ ပြန်မလာခဲ့ရင်တောင် ငါ့ တူလေးကို
ကာကွယ်ပေးပါ..."

"..... Rose
ငါ တောင်းပန်ပါတယ်ဟာ
နင်.. ထွက်လာခဲ့ပါ..."

တစ်ဖက်က မယ်ရီ ငိုသံတွေနဲ့ ပြောနေလည်း
rose ပြန်မလှည့်နိုင်...
နာကျင်ရပါတယ်
သူမက ကိုယ့်ရဲ့ သူငယ်ချင်းကောင်းဆိုတာ
အမြဲ အတူရှိနေခဲ့တာ...

ဒါပေမယ့် ကိုကြီးကို
ပေးထားတယ့် ကတိကို ဖျက်လို့မဖြစ်ဘူးးး
သူမကို ကိုကြီး စိတ်မပျက်စေရဘူးလို့
ပြောထားတယ်....
အဆုံးစွန်ထိ သူ့ အသည်းငယ်ကို
ကာကွယ်ရမယ်

မယ်ရီ ဖုန်းကို ချပြီး
သူမ တစ်ချိန်က ပိုင်ဆိုင်ခဲ့တဲ့
စံအိမ်ကြီးထဲကို ဝင်လာခဲ့တယ်

သွေးတွေ စီးကျ၊စိုရွှဲနေပေမယ့်
နာကျင်နေရပေမယ့်....
ဂရုမစိုက်နိုင်သေးဘူး
အသည်းငယ်ကို လူယုတ်မာလက်ထဲက
ကယ်ရမယ်....

တစ်ခါလောက် ရူးမိုက်ကြည့်ရအောင်...(system)Where stories live. Discover now