System Space သို့ရောက်ရှိခြင်း.....(1)❄

127 11 5
                                    

ကန်ရေပြင်ကျယ်လို ကြည်လင်နေတဲ့
တိမ်တွေထဲမှာ....
ဝိညာဥ်ငယ်လေး တစ်ခု
လေလွင့်နေတယ်.....

အရောင် အဝါ မှိန်းဖျော့လွန်းလို့
လက်ကလေးနဲ့ ထိလိုက်တာတောင်
ကြွေကျ ပျောက်ကွယ်သွားမှာ စိုးရတယ်....

အဲ့အချိန်မှာပဲ
ဝိညာဥ်ငယ်လေးကို
လက်တစ်ဖက်နှင့် ပွေ့ယူလိုက်ပြီး
ရင်ခွင်ထဲ ထွေးပွေ့လိုက်သူ.....

ဆံပင်ရွှေရောင်နှင့်
မျက်ဝန်းအစိမ်းရောင်ပိုင်ဆိုင်ထားသူ...
နတ်ဘုရားက.....

ဝိညာဥ်ငယ်လေးကို
ကွဲကြွေသွားမှာ စိုးသည့်အလားးး
ယုယစွာ ပွေ့ပိုက်ထားလေသူ...

အကြင်သူရဲ့ ပန်းရောင်သမ်းနေတဲ့
နှုတ်ခမ်းပါးကတော့ တဖွဖွ ပြောနေရှာတယ်

"နာကျင်မှုတွေ ထပ်မရှိစေရတော့ပါဘူး
ကိုယ့် မြတ်နိုးရာ...
အဲ့လို မဖြစ်ရတော့အောင် ကိုယ့်တော်
ကောင်းကောင်းစောင့်ရှောက်ပြီး
ချစ်ပေးပါမယ်"

ထို့နောက်မှာတော့
နောက်ထပ် ဆံပင် အပြာရောင်နှင့် မျက်လုံးပြာ
ပိုင်ဆိုင်ထားသူ နတ်ဘုရားတစ်ပါးပေါ်လာပြီး

"အစ်ကိုတော် အချိန်ကျပြီ"

အဲ့အချိန်မှာပဲ ရွှေရောင်နတ်ဘုရားက
"အင်း "လို့အသံလေးပြုရုံမှတစ်ပါး
အခြားစကားမဆိုခဲ့ပေ။

ဝိညာဥ်ငယ်လေးရဲ့ နဖူးကို
ညင်သာစွာ နမ်းလိုက်ရင်း

"ကိုယ်တို့ ဆုံတွေ့ဖို့အတွက် အချိန်ကျလာပြီ
ကိုယ် မင်းဆီရောက်အောင်လာခဲ့ပါမယ်
ကိုယ့် အသက်..."

လို့ပြောပြီး
ဆံပင်အပြာရောင် ပိုင်ဆိုင်ထားတဲ့နတ်ဘုရားနဲ့အတူ ပျောက်ကွယ်သွားလေတော့တယ်...

ဝိညာဥ်လေးရဲ့ ခနွာကိုယ်က
အဖြူရောင် အလင်းတန်းလေးထွက်လာပြီး
ရုပ်လုံးပေါ်လာတော့တယ်....

***************************



"ငါ ဘယ်ရောက်နေတာလဲ!"

rose တစ်ယောက် သတိရလာတာ မကြာသေး။
သူမ ခနွာကိုယ်မှာ သွေးတွေနဲ့ ဒဏ်ရာ မရှိတော့ဘူးဆိုတာ သိလိုက်ရတယ်။
ပြီးတော့ သူမ ဝတ်ထားတာက အဖြူရောင်ဝမ်းဆက် ဂါဝန်ရှည်လေးတစ်ထည်ပဲ...

  ဆေးရုံလို့ပြောရလောက်အောင်လည်း
သူမက ခုတင်ပေါ်မှာ အိပ်နေတာမဟုတ်။
မှန်လိုမျိုး ကြည်လင်နေတဲ့ ရေပြင်ကျယ်ပေါ်မှာ
အိပ်နေတာ ဖြစ်တယ်။

*သေချာပါတယ်၊ ငါ သေသွားပါပြီ
ယမ်ယမ် ပစ်လိုက်တာ ငါ့ရင်ဘတ်ပါ(A/N
ယမ်ယမ်ဆိုတာ rose တူပါ၊
နာမည်က ဝီလီယမ်)

ဘာလားးးးး
ငါငရဲ​ပြည် ရောက်နေတာလားးး
အဲ့ဒါဆို ယမမင်းနဲ့ ဝိညာဥ်တွေဘယ်ရောက်....

rose. တွေးတောပြောဆိုနေပြီး
ထိုင်ရာက ထလိုက်ကာ လှည့်ပတ်ကြည့်မလို့ ပြင်တုန်း.....

"3,2,1 ပြန်လည် အသက်သွင်းခြင်းစနစ်
စတင်ပါပြီ!"

"fuck!
ဘာလည်းဟ."

အသံပဲကြားရပြီး ဘာမှမမြင်ရတော့ လန့်ပြီး
ထဆပါလေရော။

"အမလေးဗျာ!"

"လိ့ လန့်တာဟ"

rose အနောက်လှည့်ပြီး လျှောက်တုန်း
အမွှေးတွေလို ဟာမျိုးကို တက်နင်းမိပါတော့တယ်။


****************************

နောက်အပတ် ​THUR & FRI
အပ်ဖြစ်မယ်
နည်းနည်းတော့ ကြာမယ်
plot ချရမှာမို့....

bye!
နောက်တစ်ပတ် ပြန်တွေ့ကြမယ်နော်...❤💚

တစ်ခါလောက် ရူးမိုက်ကြည့်ရအောင်...(system)Where stories live. Discover now