ရိပေါ်သတိရလာတော့ ဘေးမှာမြင်နေရတဲ့ပတ်၀န်းကျင်ကဆေးရုံ...
ဟင်....ငါကဆေးရုံကိုဘယ်လိုရောက်လာတာလဲ..
''ရိပေါ်သတိရလာပြီလား...´´
''ဟင်...ကျဲကျွန်တော်ဒီကိုဘယ်လိုရောက်နေတာလဲ´´
''မင်းကျဲကားရှေ့မှာမေ့လဲသွားလ်ို့´´
''ကျွန်တော်ဘာဖြစ်တာလဲ´´
''အားနည်းတာတဲ့ပြီးတော့အစားပုံမှန်မစားလို့အစာအိမ်ရောင်နေတာ´´
''ဒါပေမဲ့ကျွန်တော်အလုပ်တွေရှိသေးတယ်..
ဆေးရုံကဘယ်တော့ဆင်းရမှာလဲ´´''အလုပ်တွေတော့နားထားအုန်း...ဆေးရုံကခနနေဆေးသွင်းထားတာကုန်ရင်ဆင်းလို့ရပြီ´´
''ဟုတ်´´
''ရိပေါ်...မင်းရှောင်ကျန့်ကိုခုထိချစ်နေတုန်းလား..
ဟိုကမင်းကိုသတိမရတဲ့အပြင်အထင်သေးအမြင်သေးတွေပြောနေတာတောင်´´''ကျွန်တော်သူ့ကိုချစ်လို့ပါ....ဘာဘဲဖြစ်ဖြစ်ကျွန်တော်သီးခံနိုင်တယ်´´
''အင်းပါ....ကိုယ့်ကိုယ်ကို တော့မထိခိုက်စေနဲ့...´´
''ဟုတ်´´
ရိပေါ်ဆေးရုံကဆင်းတော့တိုက်ခန်းကိုလဲပြန်လာလိုက်တယ်
ကျဲကလည်းလိုက်ပို့ပြီးပြန်သွားတယ်....အခန်းနားရောက်တော့သူ့အခန်းရှေ့မှာမြင်လိုက်ရတဲ့သူကြောင့်အံ့သြ သွားတယ်...
ကိုကို....ကိုကိုကဘာလုပ်နေတာလဲ...ငါ့ကိုများစိတ်ပူလို့လား....
''CEOဘာကိစ္စရှိလို့လဲ´´
''ဘာကိစ္စလည်းမေးသေးတယ်မင်းအလုပ်မလာလို့လာခေါ်တာ....
အစည်းဝေးရှိတယ်ဆိုတာမသိဘူးလား...
ဘယ်ကောင်မနဲ့ပလူးနေလို့ရုံးတောင်မလာနိုင်ရတာလဲ´´ရှောင်ကျန့်ရဲ့စကားတိုင်းကရိပေါ်ရင်ကိုမီးစနဲ့ထိုးနေသလိုပူလောင်ရတယ်...
အဟက်...ရိပေါ်..ရိပေါ်မင်းတော်တော်စိတ်ကူးရင်တတ်ပါလားကိုကိုကစိတ်ပူမယ်ထင်လို့တဲ့....
''ဒီမှာ .....ceoပြောတာလွန်နေပြီနော်´´
''မလွန်ပါဘူး....မင်းလိုအလုပ်သမားမျိုးထားရတာငါ့ ကုမ္ပဏီ သိက္ခာကျ တယ်´´
YOU ARE READING
Silent
Fanfictionကိုကိုတခြားသူနဲ့လက်ထပ်သွားရင်ငယ်ကဟိုးတိုက်ကြီးပေါ်ကနေခုန်ချပစ်မှာ...