Zawgyi
"မောင်....ငါကယောက်ျားလေးတစ်ယောက်နော် သိရက်နဲ့
မောင်ငါ့ကို တကယ်ချစ်တာလား""ပြောစရာလိုသေးလို့လား တကယ်ချစ်တာပေါ့
မင်းဖြစ်နေဖို့ဘဲလိုတာ"ငါ မေးတိုင်း မောင်ကအဲ့လိုဘဲဖြေတယ်
ပြီးရင် ဟိုမိန်းမဆီကိုရောက်ရောက်သွားတယ်။ငါသိတာပေါ့ မောင်သူမကိုမမေ့နိုင်သေးဘူး
ဒါကြောင့် သူမနှင့်ယှဉ်လာရင် ငါဟာအပိုလူဘဲ။ငါနဲ့dateဖို့ချိန်းထားတဲ့နေ့တိုင်းမောင်ရောက်မလာခဲ့ဘူး ၊
ငါသိလိုက်ပြီ မောင်ဟိုမိန်းမဆီ ရောက်နေလိမ့်မယ်ဆိုတာ၊
ငါ့ရှေ့ကအေးစက်စက် ကော်ဖီ ခွက်တို့ကငါ့ကို
လှောင်ရယ်လျက်။ညကြီးမင်းကြီး အစာအိမ်နာလာလို့
မောင့်ကို ယောက်ျားတန်မဲ့ အားကိုးမိတယ်
ဒါပေမယ့် မောင်ကအိမ်ပြန်မလာခဲ့ဘူး။ငါ့ထက် သူမရဲ့ ညရေးညတာ စားစရာပို့ဖို့ကိုဘဲ
မောင်ကဦးစားပေးခဲ့တယ်။"မောင်.... ငါထပ်မေးမယ် မောင်ငါ့ကိုတကယ်ချစ်ရဲ့လား"
"မောင်ပြောပြီးပြီလေ မင်းကိုမောင်တကယ်ချစ်တာပါလို့"
"ဒါဆို ငါနဲ့ ဟိုမိန်းမ.....မောင်ဘယ်သူ့ကိုရွေးမလဲ"
မောင်ဆီကစကားပြန်မလာတော့ဘူး
တိတ်ဆိတ်ခြင်းတွေထဲမှာ အဖြေကပါနေပြီးသား၊
မောင်က သူ့exကိုမေ့ဖို့အတွက် ငါ့ကိုချစ်ခွင့်ပန်ခဲ့တယ်ထင်ပါရဲ့
အခုအဲ့မိန်းမပြန်ရောက်လာတော့ ငါဟာဒုတိယလူ။"မင်းမောင့်ကို အရေးမပါတာတွေမပြောစမ်းနဲ့
သူမကမိန်းမသားတစ်ယောက်ထဲနေတာ
သူမအဖေနဲ့အမေကအနားမှာမရှိဘူးကွ
ဒါကြောင့်မောင်က မိန်းကလေးတစ်ယောက်ထဲနေတာမို့
ကူညီရုံဘဲ""ဒါဆို မောင်သူမကိုမေ့နိုင်လား"
ငါ့စကားကထိရောက်တယ်ထင်ပါရဲ့ မောင့်ကမျက်နာပျက်သွားတယ်။
မိန်းကလေးတစ်ယောက်ထဲမို့!ဒါဆိုငါကရောလို့
မေးလိုက်ချင်ပါတယ်။မိဘတွေသဘောမတူတဲ့ကြားက အရာအားလုံးကိုအမွေဖြတ်ခံ
စွန့်လွှတ်ပြီးမောင့်နောက်လိုက်လာခဲ့တဲ့ ငါကရော။
လောကနိယာမကိုဆန့်ကျင်နေခဲ့လို့ ပတ်ဝန်းကျင်က
အတင်းအဖျင်းပြောတာခံခဲ့ရတယ်၊
ဒါပေမယ့် အားလုံးကိုစွန့်လွတ်ပြီး
မောင့်ကိုလက်ကိုဘဲတွဲခဲ့တဲ့၊မောင်တစ်မျက်နာဘဲ
ကြည့်ခဲ့တဲ့ငါကရော!
ငါ့မှာ မောင့်တစ်ယောက်ပဲရှိတာပါ
ဒါပေမယ့် မောင်ကတော့ငါ့တစ်ယောက်ထဲအတွက်မဟုတ်ခဲ့ဘူး!