(Unicode)
ပျံတက်သွားသော လေယာဥ်အားကြည့်ရင်း သက်ပြင်းတစ်ချက်ချမိ၏။
"မေမေ့ကို လွမ်းနေရတော့မှာပဲ"
"တစ်လလောက်ပဲကြာမှာပဲJiminရဲ့"
"ဟုတ်ဦး"
အဖေရယ်လည်းမဟုတ် ဖထွေးလို့ပြောရလောက်တဲ့ထိလည်း မကောင်းတဲ့သူမဟုတ်တဲ့ မေမေ့ယောကျ်ားအား အသာခေါင်းငြိမ့်ပြရင်းသာ ငြိမ်နေလိုက်တယ်။အိမ်ရောက်တော့ နည်းနည်းပျင်းသည်။
ခါတိုင်းမေမေရော ဦးရော Company သွားနေကျမို့အိမ်မှာ ဘယ်သူမှမရှိ တစ်ယောက်ထဲနေတာက အဆန်းမဟုတ်ပါ။
အခုဟာက ညဆိုရင် ထမင်းစားဝိုင်းလေးမှာ မေမေ မရှိတော့ ဟာတာတာကြီးလိုပင်ဖြစ်နေသည်။အိမ်မှာအလုပ်လုပ်တဲ့ အဒေါ်ကြီးကလည်း မေမေသွားပြီး တစ်ရက်အကြာမှာပဲ ခွင့်ခဏယူသွားတော့ အစားအသောက်ကို ကျွန်တော်ပဲတာဝန်ယူသည်။
တပတ်လောက်ကြာလာတော့ ဦးလို့ ကျွန်တော်ခေါ်ခေါ်နေတဲ့ မေမေ့ယောကျ်ားရဲ့ အပြုအမှုတွေဟာ ပြောင်းလဲလာတယ်။
သူစိတ်မကြည်ရင်မကြည်သလို ကျွန်တော့်ကိုအော်ငေါက်တတ်ပြီး အရက်တွေသောက်လာမိရင်လည်း ကျွန်တော့်ကို ရိုက်,ရိုက်တတ်ပါသေးသည်။
မေမေ့ကိုဖုန်းဆက်ပြောမယ်လုပ်တော့ ထိုလူက ကျွန်တော့်ကို တစ်ခုခုလုပ်မည်ဟုခြိမ်းခြောက်သည်။
အရင်ကမေမေ့ရှေ့မှာပြုမှုတာတွေက ဟန်ဆောင်ခဲ့တာလား။
__________________________________________
Shirtအဖြူရောင်ကို ကြယ်သီးနှစ်လုံးလောက်ပြုတ်သောအနေအထားဖြင့်အိမ်ကနေပြေးထွက်လာသည်။
မေမေ့ယောကျ်ားဟာ ကျွန်တော့်ကို ရိုက်နှက်ရုံမက လူကိုပါ ထိပါးစော်ကားချင်လာသည်။
ရှိသမျှအားနှင့်ပြေးထွက်ခဲ့တာမို့ ဖိနပ်ပင်မပါပေ။
ခြေချောင်းဖြူဖြူလေးဟာလည်း ပွန်းပဲ့ရာတွေ။တံတားအောက်ကိုရောက်တော့ သူငယ်ချင်းဖြစ်သူ Taehyung ကိုဖုန်းခေါ်ဖို့ ပြင်လိုက်ပေမယ့်
ပြဿနာက အဲ့မှာစတာပဲ။ကျွန်တော့်ဖုန်းထဲက Simcard ကအသစ်ဖြစ်နေတယ်။ဒါဟာ မေမေ့ယောကျ်ား ဂယောဂမကင်းဘူးဆိုတာ Jiminချက်ချင်းသိသည်။
YOU ARE READING
Wrong Number [M.Y.G×P.J.M]✔
Fanfiction𝙒𝙝𝙤 𝙩𝙝𝙚 𝙛𝙪𝙘𝙠 𝙖𝙧𝙚 𝙮𝙤𝙪? //𝗢𝗻𝗲𝘀𝗵𝗼𝘁// 𝗧𝗼𝗽-𝗠𝗶𝗻 𝗬𝗼𝗼𝗻𝗴𝗶 𝗕𝗼𝘁𝘁𝗼𝗺-𝗣𝗮𝗿𝗸 𝗝𝗶𝗺𝗶𝗻