(Unicode)"ကျွန်တော်လတ်စသတ်လိုက်ပါပြီး"
"......."
"Bank acc က ခါတိုင်း acc ပဲ"
ဖုန်းပြောနေတဲ့ ထိုလူနဲ့မလှမ်းမကမ်းမှာ Jimin ကျုံ့ကျုံ့လေးထိုင်နေမိသည်။
"မင်းနာမည်က Park Jimin နော်"
တခြားနေရာကိုသာမျက်နှာလွှဲထားရင်း မေးလာတဲ့လူကို Jimin စိုက်ကြည့်လိုက်မိတယ်။
"ခင်များ ဘယ်လိုသိလဲ""ကိုယ်သတ်ရမယ့်လူရဲ့ နာမည်တော့သိရမှာပေါ့ကွာ"
"ကျွန်တော့်ကို သတ်မှာလားဟင်"
မရဲတရဲမေးခွန်းအဆုံး သူကကျွန်တော့်ဘက်လှည့်လာရင်း ခပ်ဟဟရယ်တယ်။
"မင်းကို တကယ်သတ်ချင်ရင် အခုချိန်မင်းငါနဲ့တော့ စကားထိုင်ပြောနိုင်မှာမဟုတ်ဘူး မင်းမြေကြီးထဲတောင်ရောက်နေလောက်ပြီး""ဘာလို့မသတ်တာလဲ"
သူကကျွန်တော့်နားတိုးလားရင်း မျက်နှာကိုတည့်တည့်စိုက်ကြည့်တယ်။
"ချစ်မိသွားလို့ကွာ""အာ..ခင်များ"
"အသံရောလူရောချစ်ဖို့ကောင်းတယ်"
"ဗျာ"
"မင်းအသံကြားပြီးကတည်းက ငါ့မှာ နောက်တစ်ကြိမ်ထပ်ကြားခွင့်လေးရချင်ခဲ့တာ"
"........"
"မင်းဖထွေးကိုတောင် ကျေးဇူးတင်ရမလိုလို"
"........."
ဘာမှမပြောပဲ နှုတ်ဆိတ်နေတဲ့ကျွန်တော့်လက်တစ်ဖက်ကိုသူဆွဲယူကာ
"လာသွားမယ်""ဘယ်သွားမှာလဲ"
"ငါ့အိမ်"
"ဗျာ! "
"မင်းဖထွေးပြန်အလာကို မင်းဆီးကြိုမလို့လား"
"မဟုတ်ပါဘူး"
"သူကမင်းကိုသတ်ခိုင်းပြီး သူခရီးသွားနေတုန်း မင်းကိုတစ်ယောက်ယောက်ပြန်ပေးဆွဲသွားပါတယ်ဆိုတဲ့ ပုံစံမျိုးဖန်တီးချင်တာ သိပြီးလား"
"ဘာလို့လဲ သူဘာလို့အဲ့လိုလုပ်ရတာလဲ"
ဝမ်းနည်းရိပ်သန်းနေတဲ့မျက်ဝန်းတို့နဲ့ဆိုမိတော့
YOU ARE READING
Wrong Number [M.Y.G×P.J.M]✔
Fiksi Penggemar𝙒𝙝𝙤 𝙩𝙝𝙚 𝙛𝙪𝙘𝙠 𝙖𝙧𝙚 𝙮𝙤𝙪? //𝗢𝗻𝗲𝘀𝗵𝗼𝘁// 𝗧𝗼𝗽-𝗠𝗶𝗻 𝗬𝗼𝗼𝗻𝗴𝗶 𝗕𝗼𝘁𝘁𝗼𝗺-𝗣𝗮𝗿𝗸 𝗝𝗶𝗺𝗶𝗻