အတိတ်ကို​ပြန်တမ်းတခြင်း(Part 1)

255 18 0
                                    

ဆွဲလက်စပန်းချီကားကိုခဏရပ်ပြီးနာရီကိုလှမ်းကြည့်မိတော့
1နာရီတောင်ခွဲနေပြီဟူးးးးးး
ဒီနေ့လဲထပ်ပြီးနောက်ကျပြန်ပြီအရောင်ခြယ်ဖို့အနည်းငယ်လိုနေသေးတဲ့ပန်းချီကားကိုနောက်ရက်မှထပ်အရောင်ခြယ်ပြီးအချောသပ်ဖို့ဆုံးဖြတ်လိုက်​တော့တယ်ဘယ်လိုပဲဖြစ်ဖြစ်ပိုင်ရှင်မဲ့တဲ့ပန်းချီကားတစ်ချပ်ဖြစ်လာမှာပဲလေ
တွေးလက်စအတွေးကိုခဏရပ်ပြီးပြတင်းပေါက်ကို
လှမ်းဖွင့်မိလိုက်တော့နှင်းတွေကအများကြီးကျနေတာပဲပုံမှန်လဲDecရောက်ရင်အေးတာပဲဆိုပေမဲ့ဒီနှစ်Decကျစိတ်ထဲပိုအေးနေသလိုခံစားမိတယ်အခုချိန်​​လောက်ဆိုပင်လယ်မှာအရမ်းအေးနေလောက်မလား

ပြတင်းပေါက်ကိုပြန်ပိတ်ပြီး​ပြက္ခဒိန်ကိုသွားကြည့်မှဒီနေ့က17ရက်နေ့ဆိုတာသတိထားမိတော့တယ်

''မလိုတော့ဘူးပဲChristmasရောက်ဖို့''
ကိုယ့်ဘာသာပြန်ပြောရင်းဒီနှစ်လဲအရင်နှစ်တွေကလိုChristmasကိုတစ်ယောက်ထဲဖြတ်သန်းရမယ်ဆိုတာကိုတွေးမိပေမဲ့လဲChristmasတိုင်းကိုတူတူဖြတ်သန်းမယ်လို့ကတိပေးပြီးမှတစ်ခါတောင်တူတူဖြတ်သန်းခွင့်မရလိုက်တဲ့အတိတ်ကထိုလူသား​လေးကိုတော့သတိရမိသား
အခုချိန်ဆိုသူမအေးနေလောက်မလားဘယ်များရောက်နေ​လောက်မလဲဘယ်​တွေလုပ်​နေမလဲဆိုတဲ့သိချင်စိတ်တွေကတစ်ဖွားဖွားပေါ်လာဆဲနောက်ကျမှအိပ်ရင်ကျန်းမာရေးထိခိုက်မယ်လို့ဆူသံလိုချော့သံလိုလိုအသံလေးနဲ့ပြောတတ်တဲ့အချိန်လေးအချို့ကိုလဲသတိတော့ရမိသားအခုတော့သူမလဲအနားမှာမှမရှိတော့ပဲအတွေးပေါင်းစုံနဲ့ဒီညလဲအရင်လိုအိပ်ပျော်ဖို့ကိုအတော်အချိန်ယူရအုံးမယ်ထင်ပါရဲ့

တီ တီ တီ~~~~

ပင်လယ်သွားမှာမို့သာစောစောထရတာပုံမှန်ဆိုဒီအချိန်အိပ်မက်ကမ္ဘာထဲမှာပဲရှိနေအုံးမှာလို့တွေးနေတုန်းဖုန်းသံကြားလို့ကောက်ကိုင်မိတော့''အမေ''

''အွန်း....အိုမား''
''နင်ထပ်ပြီးအဲ့ကိုသွားမလား''
''အွန်း''
''ရားးးးး''
''ဘာလဲ''
''နင်ရူးနေလားနှစ်တိုင်း Chirstmas ရောက်ခံနီးဆိုဘာလုပ်မှန်းမသိဘူးပင်လယ်ကိုအမြဲသွားတယ်ပြီးရင်
Chirstmas ပြီး​တာနဲ့အဲ့ကတန်းပြန်လာရောအဲ့မှာ
ဘာတွေသွားလုပ်နေတာလဲဘယ်သူရှိလို့လဲအိမ်နဲ့အလုပ်ကလွဲပြီးငါ့အိမ်တောင်နပ်မှန်​အောင်မလာတဲ့သူကအဲ့ကိုကျပုံမှန်သွားပြီးဘာတွေလုပ်နေတာလဲဟမ်ရာသီဉတုကအေးကအေးနဲ့မသွားပဲနေလိုက်ပါလားကွယ်''
''ဟင့်အင်းသွားမှာ''
''ရားးးးးဆွန်းချယ်ယောင်း''
''အိုမားအရမ်းအများကြီးမတွေးနဲ့ဒီတိုင်းအလည်အပန်းဖြေခရီးခဏသွားရုံပဲ.....အော်ပြီး​တော့ကြိုပြီးပြောထားအုံးမယ်အဲ့အလည်ခရီးကိုသမီးက Chirstmas ရောက်တိုင်းသွားနေမှာမသေခင် မဟုတ်ဘူး တစ်သက်လုံး Chirstmas ရောက်တာနဲ့ပင်လယ်ကိုသွားမှာအိုမားလွှတ်လွှတ်
မလွှတ်လွှတ်တာ့တာအိုမား Chirstmas ကိုပျော်ပျော်
ရွှင်ရွှင်ဖြတ်သန်းပါအိုမားသားကို​တော့နောက်မှဖုန်းဆက်လိုက်တော့မယ်ဂရုစိုက်အိုမား''
''ရားးးနင်လဲဂရုစိုက်ပြီးတော့....''
''အွန်းချစ်တယ်ဒါပဲ''
အိုမားပြောနေတာဖြတ်ပြောပြီးဖုန်းကိုချပြစ်ကာရေချိုးဖို့ပဲပြင်ဆင်လိုက်တော့တယ်မလွှတ်တာလဲမဟုတ်ပဲအမြဲဂရုစိုက်ဖို့တစ်ဖွဖွမှာနေတာ ဆွန်း က ငယ်တော့တာမှမဟုတ်တော့ပဲသူ့အမှာတမ်းတွေကိုနားထောင်နေရင်ဒီနေ့ဖို့ဘယ်ပင်လယ်ဆီကိုရောက်ဖြစ်မယ်မထင်ပါ

ဆိုးလ် နဲ့ ပင်လယ်နဲ့ကအရမ်း​ကြီးမဝေးပေမဲ့လဲဒီနေ့မှာအဲ့ကိုရောက်ဖို့ကကြာနေသလိုလိုသွားနေတဲ့ကားကပဲနှေးနေတာလားစိတ်ကပဲအဲ့ကိုမြန်မြန်ရောက်ချင်နေတာလားဆိုတော့
ဆွန်း တကယ်မသိ​တော့ပါ

ညနေစောင်းလောက်ပင်လယ်ကိုရောက်တာနဲ့တည်းဖို့ဟိုတယ်အခန်းယူတာရေချိုးတာဘာညာနဲ့နေဝင်တာတောင်သေချာမကြည့်လိုက်ရပဲညရောက်သွားပါလေရောညစာစားပြီးပင်လယ်ဘက်ကိုလမ်းလျှောက်ထွက်ကြည့်ရင်း
''ဟက်...မပြောင်းလဲသေးဘူးခုထိ..........
ခုထိလှနေတုန်းပဲဝမ်းနည်းဖို့ကောင်းအောင်''
သူများတွေတော့ညဘက်မှာပင်လယ်ကြည့်ရတာဘယ်လိုခံစားရလဲမသိပေမဲ့ ဆွန်း ကတော့ပြန်မလာနိုင်တော့တဲ့သူကိုမျှော်နေသလိုလိုတစ်ချိန်ကဘေးနားမှာရှိဖူးခဲ့တဲ့တစ်စုံတစ်ယောက်ပဲ​ပြန်လိုချင်နေသလိုလို သေချာတာကတော့ ဆွန်း ပျော်မနေပါဝမ်းနည်းတာလားနာကျင်​​​နေတာလားဆိုတာတော့ ဆွန်း သေချာမပြောတတ်ပါဒါမဲ့
အဲ့အချိန်မှာ ဆွန်း နားလည်သွားတယ် ဆွန်း ကပင်လယ်ကိုကြည့်နေရတာကိုသဘောကျခဲ့တာမဟုတ်ပဲသူမနဲ့အတူတူပင်လယ်ကြည့်ခဲ့ရတဲ့အချိန်တွေကိုသဘောကျနေမိခဲ့တာပဲဆိုတာကိုပေါ့ပြန်တွေးတိုင်းနာကျင်နေတဲ့နှလုံးသားကိုလဲအပြင်ထုတ်ပြီးသော့ခတ်ကာသိမ်းလို့ရရင်ကောင်းသားဆိုတဲ့ကြောင်တောင်တောင်အတွေးတွေတွေးမိနေပေမဲ့လဲတကယ်တမ်းအဲ့လိုလုပ်လို့သာရရင်လုပ်ထားလိုက်ချင်တာတော့အမှန်ပါဒီနေ့ညလဲအိပ်ပျော်ဖို့ကိုအတော်အချိန်ယူရအုံးမယ်လို့သာစိတ်ထဲ​တွေးမိလိုက်တော့တယ်

6122021
1:57

End of The PastWhere stories live. Discover now