Luhan ကားမောင်းလာရင်း နာရီ ကြည့်လိုက်တော့ အချိန်စောသေးတာမို့ ကော်ဖီဆိုင် တစ်ဆိုင်ရှေ့ကားရပ်လိုက်ပီး
Iced Americano တစ်ခွက်ဝင်ဝယ်လိုက်တယ် ပီးမှ show ပွဲဆီ ဦးတည်လိုက်တယ်။ ကားပါကင်ထိုးပီး show ပွဲ ရှိရာ အဆောက်အအုံ ရှေ့ပေါက်ဝရောက်တော့ luhan ပါးစပ်စိမရ ဖြစ်သွားတယ်။'' အားပါးများလိုက်တဲ့လူတွေ '' ဝင်ပေါက်ရှေ့မှာ show ပွဲဝင်ဖို့စောင့်နေတဲ့ fan တွေ နည်းနည်းနောနော မဟုတ်။ မိန်းကလေးတွေပို များသည်။ လက်ထဲမှာလဲ စာတန်းတွေရော light stick တွေရော ရှုတ်ရှပ်ကို ခက်လို့။
''ဒီပုံစံအတိုင်းဆိုမဖြစ်ဘူးလူပိသေနိုင်တယ်''
luhan စဉ်းစားပီး နောက်ပေါက်ကို သွားလိုက်တယ်။ Siwon hyung ကနောက်ပေါက်က ဝင်လို့ရတယ်ဆိုပီး ပြောထားလို့တော်သေးတယ်။ နို့မို့ဆို မလွှယ် ဒီလူအုပ်နဲ့ ကျွန်တော် လှည့်ပြန်မိမှာ အမှန်ပေ။ Siwon hyung ပြောထားလို့ ထင်သည် ကျွန်တော် နံမည်ပြောတော့ အစောင့်များကဝင်ခိုင်းသည်။ ကျွန်တော် ဝင်ခံနီး အပေါက်ဝ က နံရံပေါ်မှာအဖွဲ့လိုက် poster များတွေ့လိုက်ရတယ်။ EXO ဆိုတာ Siwon hyung ပြောလို့ သိထားပေမယ့် လူတွေတော့ ခုမှမြင်ဘူးတယ်။ ယောင်္ကျားလေး ၅ ယောက် စတိုင်အမျိုးမျိုးနဲ့ ပုံတွေပါ။ အကုန်လုံး တစ်ယောက်တစ်မျိုးစီ ဆွဲဆောင်မှု ရှိကြတဲ့ ငယ်ငယ်ချောချောလေးတွေ ဒါမို့လဲ မိန်းကလေးတွေ အသည်းစွဲဖြစ်နေတာပေါ့ ဆိုပီး တစ်ယောက်တည်း မှတ်ချက်ချကာ ဝင်လာလိုက်တယ်။အဆောက်အဦးထဲ ဝင်လိုက်တော့ အားပါး များလိုက်တဲ့ အခန်းတွေ staff အခန်းတွေ အဝတ်လဲခန်းတွေထင်ရဲ့ ။ သူ့ရှေ့မှာ ဖြတ်သွားသမျှလူတွေကလဲ စာရွက်ကိုင်တဲ့သူကကိုင် စကားပြောတဲ့သူက ပြောနှင့် အလုပ်ရှုပ် နေကြတယ်။ luhanတစ်ယောက်တည်း အူကြောင်ကြောင်မို့ Tao ကို သတိ၇မိလေသည်။ သူသာပါရင် ကောင်းသားလို့။ ခုတော့ ကော်ဖီပိုက် ပါးစပ်ထဲထည့်ကာ လမ်းလျှောက်လာလိုက်တယ်။
YOU ARE READING
Poisonous Love
Fanfictionfunny & romantic fic This is my first yaoi fan fic.My fic include Hunhan Kaisoo Chanyeol Taoris If you don't like yaoi, you should pass this.I am writing this fic with Myanmar