😎 Part-1😎

572 14 6
                                    

[ Unicode ]

မြည်ဟီးလာတဲ့နှိုးစက်သံကြောင့် လန့်နိုးလာ၍ ခြင်ထောင်ထဲမှ ကပျာကယာထွက်ကာ မျက်နှာ‌တွင် ရှုပ်ပွနေသည့် ဆံပင်အား သပ်တင်ရင်းဖြင့် နီးစပ်ရာ အဝတ်စတစ်ခုအား ဆွဲယူပြီး ရေခွက်ဆွဲကာဖြင့် ဥက္ကန်ရှိရာ အောက်ထပ်သို့ ဝရုန်းသုန်းကားနှင့် ပြေးဆင်း‌လာရသည်။

ရုံးနောက်ကျနေပြီဖြစ်၍ ဖရိုဖရဲဖြစ်နေသည့် အင်္ကျီတို့အား ဆွဲတည့်ရင်းမှ ဆိုင်ကယ်အားဒုန်းဆိုင်းမောင်းလာရပြန်‌သေးသည်။ ရုံးရှေ့ရောက်ကာမှ စိတ်အေးရုံရှိသေး ဆိုင်ကယ်စတန်း ရောက်မှသတိထားမိသည်က ဖိနပ်က အဆောင်နေရင်းစီးသည့် ကွင်းထိုးဖိနပ်ဖြစ်နေခဲ့ရသည်။

မိမိုက်နေသည့် ဒီဇိုင်းနှင့်အိန္ဒြေမပျက် ရုံးထဲသို့ချီတက်လာရတော့သည်။

" ဒီဇိုင်းကအရမ်းမိုက်နေပါလား ၊ ဦးစီးမှူးတို့ကတော့ ရိုးရာမပျက်နော် တစ်ခုခုကို လွဲချော်လိုက်ရမှ "

" ငါ့ဖက်ရှင်နဲ့ငါပါ နင်တို့စိတ်ဝင်စားရမယ့်ကိစ္စမဟုတ်ဘူး သွား သွား ကိုယ့်အလုပ်ကိုယ်လုပ် "

" ဟုတ်ကဲ့ပါဗျာ ဟီးးးး 🤭🤭 "

မိမိအားလှောင်ရယ်သွားသည့် လက်အောက်ဝန်ထမ်းလေး နှစ်ယောက်အား ဂျိုကြည့်ကြည့်ကာ လက်သီးဆုပ်လေးဖြင့် ချိန်ရွယ်ရင်း နောက်မှာ ကျန်ရစ်ခဲ့တော့သည်။ထိုစဉ် နောက်ပါးစီမှ

" အကြည် ဘာလုပ်နေတာလဲ "

အကြည်နောက်လှည့်ကြည့်မိတော့ အကြည်ရဲ့ နှစ်ယောက်မရှိတဲ့ သူငယ်ချင်းလေးပင် ...

" ဒီနေ့လဲ ဘာပြဿနာရှာလာပြန်ပြီလဲ "

" မရှာပါဘူးဟာ ငါ့ပြဿနာနဲ့ငါတောင် အနိုင်နိုင်ရယ် "

" နင်ကဘာဖြစ်လို့လဲ "

ထိုအခါ အနားသို့ကပ်ကာ တီးတိုးဆိုလိုက်တော့ ဖူးပွင့်ခမျာ ဟန်မဆောင်နိုင်အောင် ရီချပစ်လိုက်သည်။

ဟားးးးးးး

" ဘာလို့ရီတာလဲ စိတ်ညစ်ရတဲ့ကြားထဲ "

" ရီမှာပေါ့ ၊ အကြည်ရယ် နင်ကလုပ်လိုက်ရင် တစ်ခုမဟုတ်တစ်ခု ကတော့ လွဲနေတာဘဲ "

🖤Your Husband 🖤( One short )Where stories live. Discover now