😎Part- 2 😎

278 14 2
                                    

[Unicode]

" သမီးရေ စုကြည် "

" ရှင် မေမေ "

အကြည်သိုးမွှေးထိုးနေရင်းမှ မေမေအား အသံပြုလိုက်သည်။

" မေမေ ဘာဖြစ်လို့လဲ "

" ဖုန်းလာနေတယ် သမီးရဲ့ ဖူးပွင့်စီကထင်တယ် "

" ဟုတ် သမီးပြန်ဆက်လိုက်ပါ့မယ် ၊ အမေ့ ယံယံရော "

" ယံယံ အ့ခုနက သမီးအဒေါ်အိမ်သွားမယ် ပြောတာဘဲ ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ပါဘူး ကိုကြီးက ထမင်းလာပို့ဦးဆိုလို့ ယံယံနဲ့သွားရအောင်လို့ "

" သမီးရယ် အလည်လာတဲ့ ခဏတော့ အိမ်မှာ အေးဆေးနားပါ ဖြူဥ သွားပို့လိမ့်မယ် "

" အမေကလဲ ယောင်းမလေးက အမေ့ကို ကူနေရတာလေ သမီးဘဲ သွားပို့ပေးပါ့မယ် ထမင်းထုပ်က ယံယံသယ်လိမ့်မယ် "

" တားမရလဲ သွားသွား အောက်လဲ ကြည့်သွားဦးနော် ခြေကင်းလက်ကင်းတွေကြောက်ရတယ် "

" ဟုတ် မေမေ ၊ မဖြူဥ ယံယံကို သွားခေါ်ပေးပါလား အကြည် သူငယ်ချင်းစီ ဖုန်းဆက်လိုက်ချင်လို့ "

" ရတယ် ရတယ် စုကြည် အမသွားခေါ်ပေးမယ် "

" ဟုတ် ကျေးဇူး အမရေ "

အကြည် ရေတွင်းဝိုင်းဘက် ထွက်လာပြီး ခဏခဏ ဖုန်းခေါ်နေသည့် ဖူးပွင့်ဆီသို့

" Hello ဖူးပွင့် အေး ဘာကိစ္စရှိလို့ ခဏခဏဆက်နေရတာတုန်း "

" ဘာမှမဟုတ်ပါဘူးဟာ နင်ပြန်မလာသေးဘူးလားလို့ တကယ်လို့ ပြန်လာရင်ငါ့ဖို့ ရွာမုန့်ယူခဲ့ဦးနော် "

" အေးပါဟာ နင်လဲငတ်ကိုငတ်တယ် ယူခဲ့မယ် ယူခဲ့မယ် ဒါဘဲဟေ့ ငါလယ်ထဲခဏသွားလိုက်ဦးမယ် "

" အေးပါ အေးပါ ပြန်လာရင်တော့ ငါ့သူငယ်ချင်းလေး မည်းသဲနေတော့မှာဘဲ "

" နဂိုထဲက မဖြူတာဟေ့ ဒါဘဲ "

အကြည်ဖုန်းချပြီးသည်နှင့် မောင်လေးနဲ့အတူ လယ်ထဲသို့ ထွက်လာခဲ့ကြသည်။တစ်ခါတစ်ခါ ယံယံကိုမြင်ရင် ကောင်လေးကို သတိရတတ်သည်။ အကြည် မေးနေကျမေးခွန်းလေးသာ ဆိုမိခဲ့ပြန်၏။

You've reached the end of published parts.

⏰ Last updated: Dec 15, 2021 ⏰

Add this story to your Library to get notified about new parts!

🖤Your Husband 🖤( One short )Where stories live. Discover now