Chapter 26(Unicode+Zawgyi)

177 10 3
                                    

'မောင်ကလည်း..ဟင်း...ပြန်လာနေပြီဆိုပြီး...နောက်ကျလိုက်တာ....၁၁တောင်ထိုးတော့မယ်....ညဘက်ကျဒီအနီးနားကလူပြတ်လို့ပါဆိုနေ....တစ်ခုခုဖြစ်နေတာတော့မဟုတ်ပါဘူးနော်......စိတ်ပူလိုက်တာ.....'

မောင့်ပြန်အလာကိုစောင့်ရင်းခတစ်ယောက်အိမ်ထဲမှာဘဲတောင်နဲ့မြောက်သာခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်...

စောင့်နေခဲ့တာမောင်ဖုန်းဆက်ပြီး၈နာရီလောက်ထဲက..အခု၁၁တောင်ရှိပြီ...

ပြောကြည့်ပါဦး...ကျွန်တော်မောင့်ကိုစိတ်ပူမိတာမှားသလားပြော....

မောင်ဟာလေအမြဲတမ်းအဲ့လိုဘဲ....အခုထက်ထိကိုအပြောနဲ့အလုပ်နဲ့ညီအောင်မလုပ်တတ်သေးဘူး....

ဟင်း......

'တီ..တီ...'

အရှေ့မှကားဟွန်းတီးသံကြောင့် ခတစ်ယောက်ခေါင်းလေးတထောင်ထောင်နဲ့အိမ်ဝင်ပေါက်ကိုမျှော်ကြည့်နေမိသည်...

'သားရေ....နေနေ.....ကြီးမေသွားဖွင့်လိုက်မယ်...သားကမပေါ့မပါးကြီးနဲ့မလား..အေးဆေးသာထိုင်နေ...'

'ဗျာ...အာ..ကြီးမေကလည်း..ပြောပြန်ပြီအဲ့တာကိုဘဲ...'

'အဟမ်း..အေးပါ...မက်မွန်းသီးလေးရယ်...ကြီးမေမစတော့ပါဘူး...ခြံတံခါးသွားဖွင့်လိုက်ဦးမယ်နှော့..'

'ဟုတ်..ဟုတ်....'

ဟူး..ကြီးမေကတော့လေ....

အဲ့လိုကျွန်တော့်ကိုကလေးလေးနဲ့ပတ်သက်လို့မစပါနဲ့ဆိုတာကိုကြီးမေကအမြဲလိုလိုကိုစတတ်တာ...

ရှက်ပါတယ်ဆိုလည်းမရ....ဟူး...

ကျွန်တော်အမောင်ဗိုက်ကအဲ့လိုစရင်တော့အရမ်းရှက်တယ်ဗျ....ဘာလို့လဲတော့မသိဘူး..

ယောက်ျားလေးဗိုက်ဆိုတော့အရမ်းကြီးတော့ပူမနေပေမဲ့၂လကျော်ဗိုက်ဆိုတဲ့အတိုင်းနဂိုထက်လုံးလုံးလေးဖြစ်လာတာတော့အမှန်....

အား..ပြောပြဖို့မေ့နေတာ...

ဟုတ်တယ်...ကျွန်တော်အချုပ်ကလွတ်လာပြီးထဲကမောင်က ကျွန်တော်တစ်ယောက်တည်းအိမ်မှာထားခဲ့တာစိတ်မချလို့ပါဆိုပြီးတရားစခန်းဝင်နေတဲ့ကြီးမေကိုဇွတ်အိမ်ကိုပြန်ခေါထားတာလေ....

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now