Final episode

1.4K 159 58
                                    

#Unicode

"ထယ်ယောင်းကို ဖမ်းထားတယ်?"

ခေါင်းဆောင်ကြီး၏ပြိုးပြိုးပြာပြာ
အသံတစ်ခုထွက်ပေါ်လာသည်။သူ
သည် ကမန်းကတန်း မတ်တပ်ထရပ်
လိုက်ရင်း လူယုံကြီးအနား လျှောက်
လာလိုက်သည်။

"ထယ်ယောင်းကို 'မျက်နှာဖုံးတစ္ဆေ'
အနေနဲ့ ရှင်ဘုရင်ကိုယ်တိုင် ဖမ်းဆီး
ခဲ့တာမို့ ထယ်ယောင်း အတွက် စိုးရိမ်
ရပါတယ် ခေါင်းဆောင်ကြီး .."

လူယုံကြီးသည်လည်း အသံကိုတည်
ငြိမ်အောင် ထိန်းထားခဲ့ပေမယ့် ဆိုးရွံ့
ထိတ်လန့်ကြောင်း မျက်နှာထက်ဝယ်
ထင်ပေါ်နေခဲ့သည်။

"နန်းတော်ထဲ ဝင်မယ် ..မိဖုရားကြီးနဲ့
သွားတွေ့ပြီး ဒီကိစ္စကိုလျှောက်မယ်"

"နန်းတော်မှာ စျာပနပွဲတစ်ခု ကျင်းပ
နေပါတယ် ခေါင်းဆောင်ကြီး ..အဲ့ဒီ့
စျာပနပွဲက အိမ်ရှေ့စံ မင်းသမီးလေး
စျာပနအခမ်းအနားပါ ..."

ခေါင်းဆောင်ကြီး၏လှုပ်ရှားမှုအကုန်
ရပ်တန့်သွားသည်။လူယုံတော်ကြီးကို
အံ့အားသင့်ကာ လှမ်းကြည့်သည်။
သူ နားကြားများ မှားသလား ..။

ဘာကြောင့်နံနက်စောစောစီးစီးလေး၌
နန်းတွင်းထဲ ဗြောင်းဆန်နေရသနည်း။

"မိဖုရားကြီး အဆင်ပြေပါ့မလား .."

ခေါင်းဆောင်ကြီး မနေနိုင်မထိုင်နိုင်
ပူပန်နေခဲ့မိသည်။

"သူမ အများကြီးငိုနေမှာပဲ .."
"အခု နန်းတွင်းထဲ ဝင်ကြရအောင်...
တစ်ခါတည်း ထယ်ယောင်းကိုလည်း
ကယ်ထုတ်ပြီး မိဖုရားကြီးမျက်နှာကို
လည်း ဖူးမြော်ကြည့်ရအောင်လို့ ..."

•••••••••••••••••••••••

​နန်းတွင်းဆိုတဲ့အရိပ်အာဝါသရဲ့အောက်
ခြေချရုံနှင့် ဆွေးဆွေးမြေ့မြေ့ ခံစားချက်
ကြီးကို ခေါင်းဆောင်ကြီး ခံစားရသည်။

ခါတိုင်းထက် အုံ့မိုးနေတဲ့ မိုးတိမ်တွေ။
တဂျိန်းဂျိန်း အသံပေးတဲ့ မိုးကြိုးတွေ။

ငိုကြွေးမြည်တမ်းနေတဲ့ အသံတွေ။ထို
အသံတွေ ခေါ်ဆောင်ရာနောက်ဆီကို
သူတစ်ယောက်တည်း အားကြိုးမာန်
တက် ​အပြေးလာခဲ့မိသည်။လူယုံကြီး
နှင့် တပည့်များကိုတော့ ဘယ်နည်းပဲ
သုံးသုံး ထယ်ယောင်း ကို ကယ်ခဲ့ပါဟု
မှာကြားလိုက်သည်။သူတို့သည်လည်း
သူတို့တာဝန်သူတို့ သွား၍ထမ်းဆောင်
ကြပါလိမ့်မည်။

The Aesthetic Crown(Completed)Where stories live. Discover now