အပိုင်း ၂
Zawgyi
အဖေဖြစ်သူ Ryanနဲ့တွေ့ဆုံမှုကတော့ မှန်းထားတာထက်ကို ပိုပြီး ပျင်းစရာကောင်းစွာ ပြီးဆုံးသွားခဲ့သည်။ အဖေတစ်ယောက်ဆိုတာထက် ဘော်ဒါလာတက်တဲ့ ကျောင်းသားကို ဝတ်ကျေတန်းကျေ အတိုင်ပင်ခံ ဆွေးနွေးပေးနေတဲ့ ကျောင်းအုပ်တစ်ယောက်နဲ့ ပိုတူသည်။
John အတွက် Ryanကို ပထမဆုံးအနေနဲ့ ဘယ်လိုစတင်မြင်တွေ့ဖူးခဲ့တာလဲလို့မေးရင် အားကစားမဂ္ဂဇင်း စာမျက်နှာထက် တင်းနစ်ရိုက်တံကိုကိုင်လို့ ရွှင်ရွှင်ပြပြ ပြုံးရယ်နေတဲ့ Ryanပုံကို မြင်ယောင်လာသည်။ အခုသူ့ရှေ့မှာ မြင်နေရသလိုပဲ ရွှေအိုရောင် ဆံပင်ရယ်၊ မွှေးရနံ့ ပျံ့သင်းနေပုံရတဲ့ အဝတ်အစားတွေရယ်၊ အသားညိုညို၊ ကိုယ်ထည်တောင့်တောင့်ရယ်၊ လူအများအပေါ် အထက်စီးဆန်ကာယုံကြည်မှုအပြည့်ရှိနေတဲ့ မျက်နှာအစိတ်အပိုင်းတွေနှင့်ပင်။
ပထမဆုံးအကြိမ် အပြင်မှာတွေ့လိုက်တဲ့အချိန်ကစပြီး သူတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးဖို့ရာ လွယ်ကူမနေဘူးဆိုတာ John သိလိုက်သည်။ Ryan အတွက်လည်း ထို့အတူပင်။ ဘာစကားပြောရမှန်း မသိတာကြောင့် ယောင်ယမ်းကာ သူ့မေးသူပွတ်လိုက်မိ၏။
" John... တော်တော်လေး ကြီးလာပြီပဲ။ အင်း...... Emily အတွက် အဖေ စိတ်မကောင်းပါဘူး။ "
" နှစ်သိမ့်ပေးလို့ ကျေးဇူးတင်ပါတယ်။ "
" ဆင်ခြေပေးသလိုဖြစ်နေမလားမသိပေမယ့် သားမွေးတာကို အတော်လေး နောက်ကျမှ သိခဲ့ရလို့ ဘာမှ မလုပ်ပေးနိုင်ခဲ့တာကို နားလည်ပေးစေချင်တယ်။"
" ကျွန်တော် နားလည်ပါတယ်။ "
" ဟုတ်ပါပြီ..ကဲ.သားလည်း ခရီးပန်းလာဆိုတော့ သွားပြီးအနားယူတော့။ ညစာစားချိန် ပြန်တွေ့ရမှာပဲဟာ။ "
" ဟုတ်ကဲ့ခင်ဗျ "
ပထမဆုံးအကြိမ် တွေ့ကြတဲ့ အဖေနဲ့သားကြားက စကားပွဲက ထိုမျှလောက်သာ။
စာကြည့်ခန်းကနေ အကျဉ်းချုံး စကားပြောဆိုမှုအပြီး စိတ်မကြည်လင်စွာ ထွက်လာတဲ့ John အတွက် Ryan အပေါ် အဖေတစ်ယောက်လို ခံစားချက်မျိုး ထွက်မလာခဲ့ပေမယ့် လူသတ်သမား၊ တဏှာရူး၊ လူဆိုးတစ်ယောက်ပုံပေါက်မနေဘူးဆိုတဲ့ အချက်နဲ့တင် စိတ်သက်သာရာရမိသည်။ ဘေးကနေ ပုခုံးချင်းယှဉ်လျှောက်လာတဲ့ Carter က သူ့ကို ငုံ့ကြည့်ကာ
YOU ARE READING
रोमांसPlease read the disclaimer