အခန်း ၁ သိုးသားကင်ရောင်းသူ

2.1K 77 6
                                    

ညနေခင်းအချိန်၊ အနောက်ဘက်ဒေသမှ ကျုံးဟိုင်မြို့၏ လယ်သမားစျေးတွင် လူအများအပြားဖြင့်စည်ကားနေသည်။ ဟင်းသီးဟင်းရွက်များနှင့်အတူ ရေဆိုးများကလည်း မြေပြင်၌ စီးဆင်းနေ၏။ စျေးဆိုင် ဆိုင်းဘုတ်အမျိုးမျိုးကလည်း ရံဖန်ရံခါ ကာလာတစ်ရောင်တည်းနီယွန်မီးများလင်းလာတက်၏။ အလုပ်ဆင်းလာသည့် ဝန်ထမ်းများ၊ ကျောင်းဆင်းလာသည့် ကျောင်းသားများ၊ စျေးဝယ်နေသည့် လူကြီးများဖြင့် ပြည့်နက်နေခြင်းက မိုင်းပြနေသည့် မိုးကောင်းကင်အား ပိုမှောင်မိုက်စေနေသလိုဖြစ်နေ​တော့သည်။ 

ဤကဲ့သို့မြို့ကြီးတစ်မြို့အတွက် ထိုနေရာက လူအများစု၏ အထင်သေးစရာတစ်ခုဖြစ်လာခဲ့သည်။

လမ်းဆုံတစ်ခု၏ အုတ်နံရံဘေးတွင် အခြားသူများအမြင်တွင် ရှက်စရာကောင်းသည့်အလုပ်အား အေးဆေးသက်သာစွာလုပ်နေသည့် လူတစ်ဦးရှိနေသည်။

ထိုလူငယ်က ဆီချေးများပေရေနေပြီး သိုးသားကင်အားရောင်းနေသည်။ အဖြူရောင် အားကစားစွပ်ကျယ်နှင့် ကော်ဖီရောင်ဘောင်းဘီအားဝတ်ဆင်ထားကာ အပြာရောင် ပလက်စတစ်ခြေညှပ်ဖိနပ်ကိုစီးထားသည်။

လူငယ်က ဆံပင်ဘုတ်သိုက်နှင့်ရှိနေသော်လည်း ချောမောခန့်ညားကာ အားမာန်အပြည့်နှင့်ရှိနေသည်။ သနားစရာကောင်းသည့်အချက်က သူမည်သိုပင်ချောမောပါစေ၊ လမ်းမထက်ရှိ မိန်းကလေးများက သူ့အားလှည့်ပင်မကြည့်ကြချေ။ အဘယ်ကြောင့်ဆိုသော် သူက သိုးသားကင်ရောင်းသူတစ်ဦးသာဖြစ်လေသည်။

လူငယ်က ကင်ပြီးသား သိုးသားချောင်းများအား ဘေးသို့ပုံထားလိုက်၏။ ပူအိုက်သောရာသီဥတုကြောင့် အကင်ကင်ရသည်က လွယ်ကူသော်လည်း ရောင်းရခက်၏။ ၅၀ ဆင့်သည် စျေးပေါသည်ဟုဆိုနိုင်သော်လဲ တစ်နေကုန်နေမှ ၁၀ ဒေါ်လာစွန်းစွန်းသာရခဲ့သည်။

သို့သော် လူငယ်က စိတ်မဝင်စားသည့်ပုံဖြင့် အေးအေးသာသာပင်ရှိနေသည်။ သူခွေးခြေပေါ်တွင်ထိုင်၍ လမ်းမထက်ရှိလူအုပ်အား အလှပဆုံးရှုခင်းအလားကြည့်နေတော့သည်။

“အဖိုးကြီးလီ ပြီးခဲ့တဲ့ ၂ ရက်က ပေးမယ်လို့ကတိပေးထားတဲ့ အချိန်ရောက်ပြီနော်!” ယောက်ျားတစ်ဦး၏ အသံစူးစူးဖြင့် ပြောသံတစ်သံထွက်လာ၏။

My Wife is a Beautiful CEODonde viven las historias. Descúbrelo ahora