"ဟဲ့ ပန်းသွင်"
"ဘာတုန်း"
"ငါဟိုနားက ကောင်လေးကိုသဘောကျလို့ ကူညီမယ်မလားဟင်"
"ကူညီမှာပေါ့"
"ဒါပေမဲ့ အနှောင့်အယှက် တစ်ခုကရှိနေတယ်"
"ဘာအနှောင့်အယှက်လဲ ငါဖယ်ပေးမှာပေါ့ဟ နင်ကလည်း"
"ဟိုနားက ကောင်မလေးကိုတွေ့လား"သူမ လက်ညိုးညွှန်းပြရာနေရာကို
ကြည့်လိုက်တော့ အသားဖြူဖြူနဲ့ ချစ်စရာကောင်းတဲ့ကောင်မလေးတယောက်~"သူကလေ ငါ့ရဲ့ပြိုင်ဘက်"
"ဟမ်.."
"ဟုတ်တယ် အဲ့တာကြောင့် သူ့ကိုနင် အကို့နားကိုမကပ်နိုင်အောင်လမ်းလွဲပေးပါ။ တောင်းဆိုပါတယ် နင်ကလည်း ပုံမှန်လူဆို ငါမကြောက်ပါဘူး ဒါပေမဲ့ သူက အရမ်းကောက်ကျစ်တာတဲ့ ပန်းနုသွေးမ ဆိုပဲ အဲ့တာကြောင့်ပါဟာ နော်"
"အေးပါ အေးပါ ငါ့တာဝန်ထားလိုက်"ပန်းနုသွေးမ တဲ့လား~
သူများတွေပြောလည်းပြောချင်စရာပါ အဲ့ကောင်မလေးက ချစ်ဖို့သိပ်ကောင်းသလို သူမကိုကြိုက်တဲ့ သူတွေကလည်း ရိုတ်သတ်လို့တောင်မကုန်ဘူးလေ~~**************
ပြောရင်းဆိုရင်း သူမက basketball ကွင်းထဲမှာ လဲကျသွားလေရဲ့
ကျွန်မလည်း လျစ်လျူရှုထားလိုက်ချင်ပေမဲ့ သူငယ်ချင်းမ ရဲ့crushကြီးက သူမကိုသွားကူညီမဲ့ ပုံစံနဲ့ဆိုတော့~"ကောင်မလေး မင်းအဆင်ရဲ့လား"
သူမက ကျွန်မအသံကြားတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကျွန်မကိုမော့ကြည့်လာတယ်~
"ဟုတ်..ဟုတ် အဆင်ပြေပါတယ်ရှင့်"
ဘယ်လိုတောင် နားဝင်ချိုလိုက်တဲ့ အသံလေးလဲ~~
ကျွန်မလည်း သူမကို ကူထူပေးလိုက်ပီး~~"ကျေးဇူးတင်ပါတယ်နော် မမ ဒါလေး မမကိုပေးမယ်"
သူမလက်ထဲက အချိုရည်တဗူးကို ကျွန်မကို ကမ်းပေးလာတယ်~ကျွန်မက သူမကို နားမလည်ဟန်နဲ့ကြည်လိုက်တော့~
"ကျေးဇူးတင်တဲ့ အနေနဲ့ပေးတာပါ"
"အော် ရပါတယ်"
"ဒါနဲ့ မမနာမည်က..."
"ပန်းသွင်ပါ မင်းအဆင်ပြေသလိုခေါ်နိုင်ပါတယ်"
"ညီမ နာမည်က သက်ပါ"
"ဟုတ်ပါပီ"ကျွန်မလည်း စကားသိပ်မပြောတော့ပဲ အတန်းထဲကိုပဲ ပြန်လာခဲ့တယ်လေ
လမ်းတစ်လမ်းလုံး သူမပေးတဲ့ အချိုရည်ဘူးကိုကြည့်ပီး~
