ဒီ story လေးက ဒီမှာပဲ အဆုံးသတ်သွားပါပြီရှင်။
ခမ်းနားလှတဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို နောက်ခံထားပြီး ရေးချင်ခဲ့ပေမဲ့ မပေါ်လွင်သွားခဲ့ရင်တော့ ဒီက စာရေးသူအပြစ်ပါပဲ။အနုပညာဆန်ဆန်နဲ့ ဆောင်းရာသီရော၊ နှစ်သစ်ကိုပါ ပေါ်လွင်စေချင်ခဲ့ပေမဲ့ short story မလို့ရော၊ ကိုယ်က မကျွမ်းကျင်လို့ရောကြောင့် သူတို့နှစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေကို ပေါ့သွားစေခဲ့ရင်လည်း တောင်းပန်ပါတယ်ရှင်။
One shot လို့ ဆိုပေမဲ့ စာလုံးရေ သောင်းချီတာမို့ short story လေးအနေနဲ့ publish ဖြစ်သွားပါတယ်။
ပါရီမြို့ကိုလဲ ကိုယ်တိုင်မရောက်ဖူးသလို ပြင်သစ်စကားကိုလဲ မသိသူမို့ လေ့လာရင်း ရေးခဲ့ရတဲ့အတွက် တကယ် အားနာမိပါတယ်။ပြီးတော့ ဒီက နှစ်သစ်အတွက် စကားကြောလဲ ရှည်ချင်သေးတာမို့ နောက်တစ်ပိုင်းအနေနဲ့ အမှာစာ ရေးလိုက်ရပါတယ်။ ကြီးကျယ်တဲ့ စာရေးသူအနေနဲ့လဲ မှတ်ယူထားခြင်း မရှိတာကြောင့် ဒီဇာတ်လမ်းလေးနဲ့ တိုက်ဆိုင်တာများ ရှိခဲ့ရင် အနူးအညွတ်တောင်းပန်ပါတယ်နော်။
စာဖတ်နေတဲ့ ကလေးတို့ အတွက်လဲ နှစ်သစ်စကားပါးချင်တာရှိတာမို့ ဆရာကြီး လုပ်တယ်လို့တော့ မထင်စေချင်ပါဘူးရှင်။
အခုတလော လူတွေတော်တော်များများ ဦးတည်ရာ ပျောက်ဆုံးနေတာကို သိကြမှာပါ။
အဲ့လိုတွေ ဖြစ်လို့လဲ စိတ်ဓာတ်ကျမနေပါနဲ့နော်။
ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူးရှင်။အခုချိန်မှာ ကိုယ်ဖြစ်ချင်တာကို စဉ်းစားဆိုတော့လဲ တကယ်တမ်းဆို စဉ်းစားရက မထွက်ပါဘူးရှင်။ အဲ့ဒါကြောင့် တိုက်တွန်းချင်တာကတော့ ကိုယ်ဝါသနာပါရာကို လေ့လာကြည့်ဖို့ပါ။ ဘာဝါသနာပါမှန်း မသိရင်တောင် ဖြေးဖြေးချင်း အဖြေရှာလို့ရတာမို့ panic လဲမဖြစ်ပါနဲ့နော်။ လူတိုင်းလဲ ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ ဒီကလဲ အပါအဝင်မို့ လျှောက်စမ်းလုပ်ကြည့် နေရတုန်းပါပဲရှင်။
ပြီးတော့ အိမ်နဲ့ အဆင်မပြေကြတဲ့ ကလေးတွေလဲ စိတ်မညစ်ပါနဲ့။ အဲ့လို အချိန်ကို လူတိုင်း ဖြတ်သန်းခဲ့ဖူးပါတယ်။ ဒီက ကိုယ်အပါအဝင်ပေါ့လေ။
ဘာပဲဖြစ်ဖြစ် အိမ်ကလူတွေနဲ့ စကားပြောကြည့်ရင်း ဖြေရှင်းကြည့်ကြဖို့လဲ အကြံပေးချင်ပါတယ်။ လူတိုင်းက ကိုယ့်အပူနဲ့ကိုယ်မို့ မတူနိုင်ပေမဲ့ ကိုယ့်အိမ်မှာတော့ စကားပြောဖြစ်ရင်းနဲ့ အရမ်းရင်းနှီးလာပြီး မိဘတွေအပေါ်လဲ နားလည်လာရပါတယ်။ ဒီကာလကြီးအတွင်း အိမ်နဲ့အတူတူ နေလိုက်ရတာက ကိုယ့်တစ်သက်လုံးမှာ မိဘအပေါ် မိသားစုအပေါ် အနားလည်မိဆုံးအချိန် ဖြစ်ခဲ့ရပြီး ပိုရင်းနှီးခဲ့ရတာမို့ ပြောပြရခြင်းပါရှင်။
အဲ့တော့ လိမ္မာအောင်နေဘာညာ ဆိုတာထက်၊ ဆွေးနွေးတိုင်ပင်တဲ့ သဘောမျိုး ပြောပြခြင်းပါရှင်။ မိသားစုဆိုတာ ကိုယ်နဲ့ အနီးကပ် အရင်းနှီးဆုံးလို့ ယူဆတာကြောင့် ကိုယ်ကတော့ တစ်ကိုယ်ကောင်းဆန်တယ် ပြောပြော ဘယ်အရာမဆို မိသားစုကို အရင်ရှေ့တန်းတင်ပါတယ်။
အားလုံးအဲ့လို လိုက်လုပ်လို့ မပြောချင်ပေမဲ့ နှစ်သစ်ကစပြီး စိတ်သစ်၊ လူသစ်နဲ့ နွေးထွေးရည်မွန်တဲ့ မိသားစုလေးနဲ့ ပျော်ရွှင်နေကြစေချင်ပါတယ်ရှင်။
စကားတွေလဲ ရှည်သွားလို့ အဆုံးသတ်ပါတော့မယ်။
"Happy new year!!" ပါ ကလေးတို့!
ဂျောင်ကုကီ ပြောသလိုဆို "Bonne année" ပေါ့လေ။အေးချမ်းတဲ့ ဆောင်းကာလ အချိန်သမယမှာ နွေးထွေးတဲ့ ချောကလက်ပူပူလေး သောက်လိုက်ရသလို နွေးထွေးနိုင်ကြပါစေရှင်။
နှစ်သစ်အတွက် ရည်ရွယ်ထားတာပေမဲ့ အခုလို ကြိုပြီးတင်လိုက်ရတာမလို့ နှစ်သစ်ကူး vibe မပေါ်မှာ စိုးတာမို့ နှစ်သစ်မှာလဲ ပြန်လာဖတ်ကြပါဦးလို့။
အဲ့လိုဆိုရင်တော့ vibe နည်းနည်းပေါ်မယ် ထင်ရတာပါပဲ။နောက်မှတွေ့မယ်💗
ချစ်သော Rryurika မှ
YOU ARE READING
Love In Paris [Completed]
Short Story"Be my summer in a winter day❄️🎆" NEW YEAR SPECIAL SHORT STORY Love in Paris 🎇 🇫🇷