Unicode version
.
.
.
ဒီရက်ပိုင်း ဒီဖော်ကောင်လေးကို up ခိုင်းတဲ့ cmt လေးတွေ
ခနခနတွေ့နေရလို့ နှစ်ပေါက်အောင်ပြစ်ထားမိတဲ့
အပိုင်းအစလေးတွေကိုဆွဲထုတ်ချင်လာပြန်ပါရောလား။
.
.
.
ကံကြမ္မာ...!!
ရေစက်...!!
ကျနော့ကိုအားကျနေတဲ့ Dalgom ဖြစ်ချင်တဲ့လူတွေ
အများကြီးရှိကြမှာ...သိပါတယ်...
ဒါပေမဲ့လေ....ကျနော်နဲ့ ကျနော့မားရဲ့
ကံကြမ္မာ....ရေစက်တွေကလေ....
ဘာကြောင့် ...ဘာ့ကြောင့်များလဲ...
အခုလေ....ကျနော်သိပ်ချစ်ရတဲ့မား
ကျနော့ကို သိပ်ချစ်တဲ့ ကျနော့မားနဲ့ ထိတွေ့ခွင့်ဆိုတာ
မရှိတော့ဘူးတဲ့လား။
ကျနော့မာမားမှာ ခွေးတွေနဲ့ ဓါတ်မတည့်တဲ့
Allergies ရှိနေပြီတဲ့လေ။
ဆိုတော့ သူ ဘယ်လောက်ပဲ ကျနော့ကို ချစ်နေပါစေဦးတော့
ကျနော့နား သူအရင်လိုမကပ်နိုင်တော့ဘူးတဲ့။
မားက ကျနော်နဲ့ထိတွေ့ရင်
ကျနော့ကိုပွေ့ရင်
မားရဲ့မျက်လုံးတွေဟာယောင်ပြီးနီရဲလာသတဲ့။
အဲ့ဒါကလေ ဆေးသောက်ရင်တောင်မပျောက်ဘူးတဲ့လေ။
ဘာလို့လဲ ဘာလို့များလဲ..??
အခုဆိုအရင်ကလိုမဟုတ်တော့ပဲ
အရွယ်ရောက်လာတဲ့ကျနော်ဟာ...
အရာရာကို အရင်ကထက်ပိုနားလည်ပြီး
ပိုသိတတ်ချင်လာပြီဆိုတော့မှ...မားက ကျနော့နားကပ်လို့မရတော့ဘူးတဲ့လား??
မား ကျနော့နားကို Allergiesအဖြစ်ခံပြီး
လာကိုင်မှာ ပွတ်သပ်မှာကို
ကျနော်ဟာလဲမလိုချင်ပါဘူး။
ဘာလို့ဆို ကျနော့မားက တလက်လက်တောက်ပနေတဲ့
နိုင်ငံ့ကြယ်ပွင့် idol လေ။
အမြဲလှပပြီးကျန်းမာနေရမယ်မဟုတ်လား။
မားကို အဝေးကလှမ်းတွေ့ရလဲ ကျေနပ်ပါတယ်။
အခုတော့ ခနဝေးနေရပေမဲ့
တချိန်ချိန်တော့ အရင်လို ပြန်နေခွင့်ရမှာပါ။
လွန်ခဲ့တဲ့ရက်တွေတုန်းကပေါ့
မျက်လုံးကိုခြစ်မိထားတဲ့ဒါဏ်ကြောင့်
ကျနော့မျက်လုံးတွေထဲကနေ မျက်ရည်တွေကဆက်တိုက်ကျနေတာဗျာ။
YOU ARE READING
ဖော်ကောင်
FanfictionUnicode + Zawgyi ကျနော်ကတော့ ကျနော်သိသမျှတွေပြောပြမှာပဲခင်ဗျ။ စိတ်ဝင်စားရင်တော့ ဖတ်ကြည့်ပေါ့ဗျာ။ . . . ပုံ... ခင်ဗျားတို့ မနာလို သဝန်တိုရမဲ့ ဖော်ကောင်လေး Dalgom ပါဗျ။
