[Unicode]
ချယ်ရီပန်းတွေ ပွင့်နေတဲ့ လမ်းမလယ်မှာ ကျွန်တော်တို့ရဲ့ တွေ့ဆုံခြင်းစခဲ့သလို ...
ခွဲခွာသွားရတဲ့ အချိန်ကလည်း ချယ်ရီပန်းတွေ
ဝေဆာနေတဲ့ ထိုလမ်းမလယ်မှာပဲ ဖြစ်သည်𝐒𝐜𝐞𝐧𝐞𝐫𝐲☂︎#
မြင်တူတိုင်း မျက်စိအေးစေနိုင်တဲ့ ခရမ်းရောင်တိုက်ပုလေး ၊ ဘေးနားတွင်လည်း
ချယ်ရီပန်းတွေ ဝေဝေဆာဆာပွင့်နေတာကြောင့်
ထိုတိုက်ပုလေးကို ပိုပြီးအသက်ဝင်စေသည်၊
ထိုအိမ်လေးထဲမှာနေတဲ့ ကောင်လေးတစ်ယောက်ကတော့ ထိုအရာတွေကို ဖျက်စီးနေသလိုပါပဲ ။Taehyung .. Kim Taehyung ..
သူ့နာမည် Kim Taehyung ၊
အရယ်အပြုံးမရှိတဲ့သူ တစ်လောကလုံးကို
ဂရုမစိုက်တဲ့သူ ၊ လူအများအမြင်မှာတော့
သူ့ကို ချေပြီးမာနကြီးတယ်လို့ ထင်ကောင်း
ထင်နိုင်တယ် ၊
ဒါပေမဲ့ သူ့ရင်ထဲက အထီးကျန်မှုတွေကိုတော့
ဘယ်သူမှ မမြင်နိုင်ဘူး ။
လူတိုင်းက သူတို့မြင်ချင်တာ မြင်ကြတာလေအခန်းထဲ Taehyungနားကြပ်လေးနဲ့
သီချင်းနားထောင်နေသည် ၊
Musicကို သူနှစ်သက်သလို အဆိုတော်
တစ်ယောက်လည်း ဖြစ်ချင်ခဲ့တယ် ။
သို့သော် ပတ်ဝန်းကျင်က လူတွေရဲ့ ...
ပုတ်ချမှုကြောင့် သူသီချင်းဆိုဖို့ မကြိုးစားခဲ့သည်မှာ အလယ်တန်းနှစ်လောက်ကပင်
ဖြစ်သည် ။"Tae ah .. Noonaကို ခေါက်ဆွဲထုတ်လေး
တွေဝယ်ပေးပါဦး"အခန်းအပြင်က အသံကြောင့် သူခပ်ဖွဖွ
ပြုံးလိုက်သည် ၊ အများအတွက် မဖော်ပြခဲ့တဲ့
အပြုံးလှလှလေးက သူ့ရဲ့ အစ်မရင်းအတွက်ပဲ
ဖြစ်တည်လာသည် ။
သူရဲ့ အပြုံးတွေကို ဖန်တီးပေးနိုင်တဲ့ အစ်မရဲ့
နာမည်က .. Kim Jisoo ။"ဟုတ် .. Noona"
ကုတ်အကျ°°ကို ဆွဲဝတ်ပြီး အစ်မဆီက
ပိုက်ဆံယူပြီး သူထွက်လာလိုက်သည် ၊
နွေဦးဆိုပေမဲ့ အနည်းငယ်တော့ အေးနေသေးသည် မလား ..?---
လူသွားဖို့လုပ်ပေးထားသည့် လမ်းလေးကနေ
ခေါင်းငုတ်ကာ လမ်းလျှောက်လာရင်း ၊
အရှေ့တည့်တည့်က ပန်းပွင့်ဖတ်လေးတွေ ကြောင့် မော့ကြည့်မိသည် ၊
ဟုတ်သားပဲ ချယ်ရီတွေကြောင့် ကြွေနေပြီ ။
အရာအားလုံးက တဖြေးဖြေးပြောင်းလဲသွားတာတောင် မပြောင်းလဲနိုင်တာ သူပါပဲလား?
YOU ARE READING
°𝐒𝐜𝐞𝐧𝐞𝐫𝐲☂︎°
Fanfiction"ချယ်ရီပန်းတွေ ပွင့်နေတဲ့ လမ်းမလယ်မှာ ကျွန်တော်တို့ရဲ့ တွေ့ဆုံခြင်းစခဲ့သလို ... ခွဲခွာသွားရတဲ့ အချိန်ကလည်း ချယ်ရီပန်းတွေ ဝေဆာနေတဲ့ ထိုလမ်းမလယ်မှာပဲ ဖြစ်သည်"