Unicode
နွေရာသီကျောင်းသုံးလပိတ်ရက်သို့ရောက်တိုင်းထယ်ယောင်းတို့မိသားစုလေးမှာ ပြည်တွင်းခရီးတိုလေးတစ်ခုစီထွက်လေ့ရှိသည်
ဇနီးဖြစ်သူနှင့်ကလေးနှစ်ယောက်အတွက်ပိုလျှံခြင်းမရှိသော်လဲလောက်ငှသည့်လစာထဲမှပင်ခရီးထွက်ရန်အတွက်ခြစ်ခြစ်ကုပ်ကုပ်စုထားတတ်သည့်အိမ်ထောင်ဦးစီးဖေဖေ့ကြောင့်ထယ်ယောင်းနွေရာသီရောက်တိုင်းပျော်ရသည်ဗဟုသုတစာပေများကိုလေ့လာလိုက်စားသည့်ဖေဖေက
နေရာဒေသတော်တော်များများ၏သမိုင်းကြောင်းတွေကိုသူတို့မောင်နှမနှစ်ယောက်အားပြောပြလေ့ရှိသည် အမကဉာဏ်ကောင်းသောကြောင့်ဖေဖေပြောသမျှကိုမှတ်ထားတတ်ပေမယ့် ကျွန်တော်ကတော့ကလေးပီပီအခုပြောခဏနေမေ့သွားတတ်သည်ကျွန်တော့်အတွက်ကခရီးသွားတယ်ဆိုတာပျော်စရာတစ်ခုအပြင်မပိုတာမို့ခေါင်းထဲတွင်လဲသမိုင်းကြောင်းတွေဘာတွေကိုထည့်မထားနိုင်ပါ
ကလေးသဘာဝအရဆော့ချင်စားချင်သည့်စိတ်တွေသာကြီးစိုးလို့နေသည်ကျောင်းဆရာ ဆရာမများဖြစ်ကြသည့်မိဘနှစ်ပါးနှင့်အမဖြစ်သူကင်မ်ဟာယောင်း ထို့နောက်အိမ်၏ဆည်းလည်းလေးဖြစ်သည့်တစ်ဦးတည်းသောသားလေးကင်မ်ထယ်ယောင်း
"မောင်လေး...အထုပ်တွေလာသယ်ပါအုန်း အမတစ်ယောက်တည်းမနိုင်ဘူး"
ထယ်ယောင်းပင်လယ်ပြင်ကြီးဆီသို့ပြေးထွက်ရန်အရှိန်ယူနေတုန်းအမဖြစ်သူကလှမ်းခေါ်သည်မို့ဖီလ်းငုပ်သွားရသည်
၁၄နှစ်အရွယ်ရှိနေပြီဖြစ်သည့်ကျွန်တော်ကယောက်ျားသားဖြစ်တာမို့ ငါးနှစ်လောက်ကြီးသည့်အမထက်အားကမဆိုစလောက်လေးသန်သည်"ဖေဖေနဲ့မေမေရော"
တစ်ယောက်တည်းမနိုင်မနင်းဖြစ်နေသည့်အမလက်ထဲမှအဝတ်ထုပ်နှစ်ထုပ်ကိုထယ်ယောင်းလွှဲပြောင်းယူလိုက်ရင်းမိဘတွေကိုမတွေ့တာမို့မေးလိုက်သည်
"အဖေတို့က အခန်းသွားငှားနေတယ်"
"အော်...ဘန်ဂလိုပဲလား"
"အင်းပေါ့ မောင်လေးရယ် ဘန်ဂလိုကဈေးသက်သာတယ်လေ"
အမစကားကြောင့်ထယ်ယောင်းနှာခေါင်းလေးရှုံ့ခနဲ
ခရီးထွက်တိုင်းဘဂန်လိုနဲ့ပဲနှစ်ပါးသွားနေရသည်
ဒါပေမယ့်ဟိုတယ်ခဆိုသည်မှာလဲဘယ်လောက်တောင်ဈေးကြီးသလဲဆိုတာထယ်ယောင်းသိသည်မို့မလိုအပ်တာကိုမပူဆာချင်ပါ
သူအရွယ်ရောက်လာလို့ပိုက်ဆံရှာနိုင်ရင် ခရီးထွက်သည့်အခါတိုင်းအခုလိုခပ်ကျဉ်းကျဉ်းဘန်ဂလိုလေးမှာမဟုတ်ဘဲသူ့မိသားစုကိုဟိုတယ်မှာတည်းခိုင်းမည်
YOU ARE READING
THE FIRST TIME WE MET🌊 [COMPLETED]