Let me be your voice

9 1 0
                                    

One : Let me be your voice✓

★ ★ ★ ★ ★

"Kim Seok Jin!!ငါ အပြတ်ပဲ ပြောလိုက်မယ် ..အဲ့ကောင်ကို မြန်မြန်အဆက်ဖြတ်လိုက်နော်...မဟုတ်လို့ကတော့ ငါ့အကြောင်းသိမယ်"

Mr.Kimတစ်ယောက် ဒေါသူပုန်ထနေရလေသည် ..ဟုတ်တယ်လေ ကိုယ်ပိုးမွေးသလိုမွေးထားရတဲ့ သားက ဘာမဟုတ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ကြိုက်နေရတယ်လို့..

"ကျွန်တော် ယောင်းကို မဖြတ်နိုင်ဘူး Appa...ပြီးတော့ ယောင်းက ဘာဖြစ်နေလို့လဲ"

"ဘာဖြစ်နေလို့လဲ..ဟုတ်လား...ဖြစ်တယ်ကွ ဖြစ်တယ်.."

"ငါပြောလိုက်ရင် မင်းအကောင် ရစရာရှိမှာတောင်  မဟုတ်ဘူး..မိဘကမရှိ ..အလုပ်မရှိအကိုင်မရှိ၊ ပြီးတော့ ယောက်ျားလေး...မင်းဘယ်လိုစိတ်မျိုးနဲ့များ အဲ့ကောင်ကို ကြိုက်ရတာလဲ ဟမ်"

"ဒါ‌တွေက ပကာသနသက်သက်ပါ Appa..အဓိကက ကျွန်တော်နဲ့ သူနဲ့ ချစ်နေရင်ပြီးပြီလေ..ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ယောင်းကို ချစ်တယ်..Appa"

ကျွန်တော်ပြတ်သားစွာပဲ အပါးကို ပြောလိုက်တော့ အပါးက နဲနဲ အံ့ဩသွားသည်..ဟုတ်တယ်‌လေ.. တစ်ခွန်းဆိုတစ်ခွန်းနားထောင်တဲ့ ကျွန်တော်က ယောင်းဘက်ကနေ ကာပြီး ပြန်ပြောပေးနေတာကို ..

"အဟက် ရယ်ရတယ်နော် Kim Seok Jin..တစ်ယောက်နဲ့ တစ်ယောက် ချစ်နေရင် ရတယ်ဟုတ်လားး ...ယောက်ျားလေးနှစ်ယောက်ရဲ့ အချစ်က ဘယ်လောက်ခံမှာမို့လဲ"

"ပြီးတော့ အဲ့ကောင်ကကော မင်းကို တကယ်ချစ်တယ်ဆိုတာ သေချာလို့လား"

ကျွန်တော်ဘက်က ဘာမှ ပြန်မပြောနိုင်ပါ.. အပါးပြောလိုက်တဲ့ နောက်ဆုံးစကားက ကျွန်တော့်အရှိုက်ကို တည့်တည့်ထိုးလိုက်သလိုဖြစ်နေတာကိုး...

ကျွန်တော်မသိဘူး ...ယောင်းကျွန်တော့်ကို တကယ်ချစ်လားဆိုတာ...

‌"သေချာစဉ်းစားပါ သားရယ် ...ငါ့သားလို ရုပ်ရည် အဆင့်အတန်းမျိုးနဲ့ ကြိုက်တဲ့ မိန်းကလေးကို ခေါင်းခေါက်ရွေးလို့ရတယ်"

ကျွန်တော်ဘက်က ငြိမ်နေတော့ အပါးက လေအေးလေးနဲ့ ဖြောင်းဖြပြီး အပေါ်တက်သွားသည်..

You've reached the end of published parts.

⏰ Last updated: Dec 13, 2021 ⏰

Add this story to your Library to get notified about new parts!

Angel Couple (VooJJwan )Where stories live. Discover now