2.6K 208 30
                                    

*****
(12)

ဒီနေ့က လကုန်ရက်လည်းနီးပြီမို့ PAR မကျန်အောင် ကြိုးစားနေကြတဲ့ကလေးတွေကြောင့် ရုံးဆင်းချိန်နောက်ကျခဲ့တယ်။ နည်းနည်းတောင် မှောင်နေပြီ။ ဝန်ထမ်းလေးတွေလည်း အိမ်ပြန်ရဦးမှာမို့ ညနေ၅ နာရီလောက်ကတည်းက ရောက်နေတဲ့ အားအားယားယား ဆရာဝန်ကောင်ရဲ့ ကားနဲ့ဘဲ ပြန်ဖို့ အကြောင်းဖန်နေတော့တယ်။

"မယူ ပြန်ရောက်ရင်ဖုန်းဆက်ဦးနော်"

ကျွန်မရဲ့လက်ထောက်ကောင်လေးက ကားနားထိလိုက်ပို့ရင်းမှာတာလေ။ ကားနောက်ခန်းတံခါးကို ဖွင့်ဖို့လုပ်တော့

"အရှေ့ကိုလာလေ ကိုယ်ကဒရိုက်ဘာနဲ့ မတူချင်ပါဘူး"

သူ​့ရဲ့ကလေးဆန်ဆန်စကားကို ကျွန်မဝန်ထမ်းတွေရှေ့မှာတော့ မတုန့်ပြန်နိုင်သေးတာကြောင့် သူ့ဘေးခုံမှာသာ ဝင်ထိုင်လိုက်ရတယ်။

သူကားကိုပြန်လမ်းအတိုင်းမောင်းနေပြီး စကားတစ်ခုမှ မပြောခဲ့ဘူး။ ထူးဆန်းလိုက်တာ။ ကျွန်မကို တွေ့ရင်အမြဲ ဂဏာမငြိမ်တဲ့သူက ဒီနေ့စကားမပြောတော့ နည်းနည်းတော့ ထူးဆန်းနေတယ်။ မဟုတ်သေးဘူး သူကဒီတိုင်းဘဲလေ။ သူကျွန်မကို ကစားရတာ ရိုးသွားလို့ထင်ပါတယ်။

ကျွန်မအိမ်ရှေ့ရောက်တော့ ကားရပ်လိုက်ချိန် ဆင်းဖို့လုပ်ပေမဲ့ တံခါးတွေက လော့ခ်ချထားမိနေတယ်။

"တံခါးလော့ခ် ကျနေတယ်"

"ကိုယ်သိတယ် သေချာလုပ်ထားတာလေ"

ကျွန်မသူ့ကို နားမလည်သလို ကြည့်လိုက်မိတော့ သူကကျွန်မကို ငဲ့ကြည့်နေတယ်။

"ကိုယ် ကတိတည်ခဲ့တယ်"

သူ့ရဲ့အစမရှိ အဆုံးမရှိပြောလာတဲ့ စကားကြောင့် ကျွန်မပိုပြီး နားမလည်တော့ဘူး။ သူက ကျွန်မကိုဘဲ လေးလေးနက်နက်စိုက်ကြည့်နေတယ်။

"ကိုယ် ဆယ်တန်းအောင်ကာစက ပေးထားတဲ့ကတိကို တည်ခဲ့တယ် ခုထိလည်းတည်တုန်းဘဲ"

သူပြောလာတဲ့ စကားအဓိပ္ပါယ်ကို သဘောပေါက်သွားပြီ ဆိုပေမဲ့ ကျွန်မဝန်ခံလိုက်ဖို့တော့ အတွေးရှိမနေဘူး။

ဆယ်နှစ်ကြာတော့ ငါတို့တွေ့ခဲ့ကြတယ် (Completed)Where stories live. Discover now