အပိုင်း(၁)ဇာတ်သိမ်း💔

1.2K 78 42
                                    

🎵🎶🎹🎹🎹

Kim အိမ်တော်တွင် ငြိမ့်ညောင်းလှတဲ့စန္ဒယားသံအပြီး....

"သခင်လေးယောင်း...."

"အော်...ဂျီမင်းလေး..."

သခင်လေးယောင်း။ ။
ပြေပြစ်လှသောနှဖူးပြင်၊နှာခေါင်းသွယ်သွယ်၊လေးထောင်ဆန်သောနှုတ်ခမ်းပါးနှင့်ခန့်ညားလှတဲ့အသွင်နဲ့ညို့အားပျင်းတဲ့မျက်ဝန်းတစ်စုံအားပိုင်ဆိုင်ထားသောသူမှာနှစ်ယောက်မရှိ‌နိုင်တဲ့သခင်လေးယောင်း။။

ဂျီမင်း။ ။
ထွေထွေထူးထူးဖွဲ့‌နွဲ့နေစရာမရှိ....
သူ့အတွက်သီးသန့်ဖြစ်တဲ့စကားလုံးလေးနှစ်လုံးသာရှိသည်...
လှသည်။...ထိုမျှသာ....(ထိုမျှသာဆိုတဲ့နောက်ကွယ်မှာပြောမပြနိုင်လောက်တဲ့ဖွဲ့နွဲ့မှုတွေကမြင်တတ်သူမှ
မြင်ပါလိမ့်မည်...)စာရေးသူသည်ရှည်ရှည်ဝေးဝေးမပြောပြတော့ပါ....

သခင်လေးယောင်းနဲ့ဂျီမင်း...
အဆင့်အတန်းခြင်းသည်မိုးနှင့်မြေ။
မတူညီလှတဲ့အဆင့်အတန်းနှင့်မတူညီတဲ့မျိုးရိုးကနေ
ဆင်းသက်လာတဲ့ထိုလူသားနှစ်ဦး....

ကံကြမ္မာရယ် ရက်စက်ဦးမှာလား?
.
.
.
.
.
.
.
.
.
.
.
"သခင်လေးယောင်း..."

"ဂျီမင်းလေး..ရောက်လာပြီလား?"

"ဟုတ်ကဲ့..."

"လာပါဦး သခင့်ဆီ။သခင်ကဂျီမင်းလေးကိုလွမ်းနေတာ..."

ခါးသိမ်သိမ်လေးအားသခင့်ရဲ့လက်သွယ်သွယ်လေးနဲ့သိမ်းကြုံးဖတ်လိုက်လျှင်...

"သခင်လေးယောင်း..."

"လွမ်းနေတာ..."

"မသင့်တော်ပါဘူးသခင်!"

"သင့်တော်တာ၊မသင့်တော်တာတွေကိုသခင်ဖြစ်တဲ့ကိုယ်ကပဲဆုံ‌ဖြတ်မှာမို့ဂျီမင်းကဒီအတိုင်းနေ..."

သခင်ယောင်းကပြတ်သားတယ်။
သခင်ဆိုသည့်ဂုဏ်နှင့်လည်းအင်မတန်မှလိုက်ဖတ်လွန်းသည်...

"......"

"ဂျီမင်းကလည်းသခင်ကိုလွမ်းနေတာမဟုတ်လား?"

ဂျီကရောသခင့်ကိုလွမ်းလား'လို့မမေးဘဲ
လွမ်းနေတာမဟုတ်လား'လို့မေးတဲ့သခင်ယောင်းကသူ့အားလွမ်းနေပါတယ်လို့ဖြေစေချင်သည့်အလား.~~~

"သခင့်ဂျီမင်း"Where stories live. Discover now