Part 1 [ PlayBoy ]

5.9K 308 0
                                    

Park Chanyeol ဘောင်းဘီအိပ်ကပ်နှစ်ခုထဲသို့ လက်နှစ်ဖက်ထိုးထဲ့လိုက်ရင်း သူ့အလာကိုစောင့်နေတဲ့ Suzy ဆီ ခပ်ဖြည်းဖြည်းပဲ လျှောက်သွားလိုက်သည် ချိန်းထားတာက မနက်၉နာရီဖြစ်သော်လည်း ယခုက ၉နာရီခွဲနေပြီလေ ဒါပေမဲ့ ကိစ္စမရှိ ဒါကသူရဲ့ တတ်ကနစ်မျိုးဖြစ်တယ်လေ

မိန်းကလေးတစ်ယောက်နဲ့ချိန်းထားပါရဲ့နဲ့ မိမိဘက်က ကြိုရောက်မနေရ ကိုယ့်ပုံစံသည် သူ့အပေါ်တွင် သည်းသည်းလှုပ်ဖြစ်မနေပဲ ခပ်အေးအေးသာဖြစ်ရမယ်

" Suzy Mian ... ကို လမ်းကျပ်နေလို့ "

သူက ထိုသို့ပြောတာ ခုံတန်းလျားပေါ်ဝင်ထိုင်လိုက်သည် သူမ ဘာမှမဖြစ်သလိုကြည့်လာကာ

" Hk hk Gwinchana ... ရှင့်ထက်နောက်ကျမဲ့ လူတစ်ယောက် လာဖို့ရှိပါသေးတယ် "

" ဟင် ချိန်းထားတာ Suzyနဲ့ ကိုနဲ့ပဲ မဟုတ်လား ဘယ်သူရှိသေးလို့လဲ "

" ဒါလား သူရောက်ရင် သိရမှာပေါ့ ဟောပြောရင်းဆိုရင်း ရောက်လာပြီလေ ဟိုမှာ ..."

Suzyစကားကြောင့် သူ Suzyကြည့်နေတဲ့ဘက်ကု လှည့်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်မှာ ရှိတဲ့အကြောတွေ အားလုံး ဖျင်းခနဲထောင်းသွားတယ်

" ဟင် EunJung "

ပြောလည်းပြော လူလည်း အော်တိုမတ်တစ် ထရပ်မိသွားသည်

" ဟုတ်ပါတယ် ကျွန်မ EunJung

ခပ်ပြုံးပြုံးမျက်နှာနဲ့Eunjungပြောပြီး စကားအဆုံးမှာပဲ Suzy ကလည်း ထိုင်နေရာကနေထလာသည်

" ဘာလဲ ရှင်ရဲ့ သံပုရာသီးနှစ်လုံး တပြိုင်တည်းတွေ့လိုက်ရတော့ တော်တော်လန့်သွားတယ်လား ဟင်းဟင်း ......"

ChanYeol ဖြစ်ပျက်သမျှ ချက်ချင်းပဲရိပ်မိသွားလိုက်ပြီလေ
Suzyနဲ့Eunjungကို တပြိုင်တည်းတွဲနေရာကနေ သိပြီး ဒီမှာ အပြတ်ချွတ်ဖို့လုပ်လိုက်တာပဲ ငိငိ

ChanYeol ~ သူ့စတိုင် ဘောင်းဘီအိပ်ကပ်ထဲ လက်ကိုဟန်ပါပါထည့်လိုက်ပြီး သူမတို့နှစ်ယောက်ကို ကြည့်လိုက်ကာ ...

^ Aww မင်းတို့ချင်းချင်းတွေ့သွားပြီကို ကောင်းပါတယ် ငါလည်းတစခန်းရပ်ချင်နေတာကြာလှပြီ နှစ်ယောက်သား ခုလို လုပ်ပေးတော့ ကိုယ်လည်းနှစ်ခါမမောရတော့ဘူးပေါ့လေ ^

She can bewitch meWhere stories live. Discover now