Part 6

2.6K 220 4
                                    

Baek ကလည်းမှတ်မိနေသည် ချက်ချင်းဆိုသလို အံ့သြမှုအရိပ်အယောင်တွေ ယှဉ်ဖြာသွားသည်

Manager က ^ မင်းတို့တွေ့ဖူးတာလား ^ မေးတော့

သူမပြုံးလိုက်ရင်း ^ Nae …^

^ ဒါက Guide လုပ်ပေးမဲ့သူပါParkChanYeolတဲ့
သိနေကြတော့ ရှိန်တော့ဘူးပေါ့ သူလိုက်ပို့ပေးလိမ့်မယ် …^

ထိုမှာပဲ သူမနဲ့မိတ်ဆက်ရင်း သူမနာမည်က ByunBaekhyuဆိုပဲ ~~

~~~~~©©©©©~~~~~©©©©©

ဒီလိုနဲ့သူမနဲ့ Seoulက နေရာတော်တော်များများ လိုက်ပို့ပေးပြီး ညနေကျ သူမကို Han Riverကိုပို့ပေးသည်
^ ဒီနားကို သွားရအောင် Coffee လေးသောက်ရင်း
မြစ်ရဲ့ညအလှကို ကြည့်တာပေါ့ …^

Yeol ပြောရင်း အပေါ်ဘက်က Coffee ဆိုင်ကို ညွှန်ပြလိုက်သည်  သူမကရှေ့ဆုံးကတတ်သည်  ဒါမဲ့ဒေါက်လေးနဲ့ဆိုတော့ ရုတ်တရက် ချော်ချသွားပြီး သူမနောက်က သူဆီ ကိုယိုင်လဲချလိုက်သည်

Yeolက စိုးရိမ်ပြီး သူမကိုဖမ်းထားလိုက်သောအခါ ရင်ခွင်ထဲမှာ ဖက်လျက် ပြုတ်ကျသွားသည် အဲလိုဖြစ်သွားတာက တမင်ပြုတ်ကျသွားတာဖြစ်လို့ သူမ မကြောက် ~ဒါမဲ့ သရုပ်ပီဖို့ Baek မျက်လုံးကိုစုံမှိတ်ထားလိုက်သည် နောက်တော့ မျက်လုံးကို ဖွင့်ကြည့်လိုက်သော သူမကို စိုးရိမ်တဲ့မျက်လုံးတွေနဲ့ ကြည့်နေတဲ့ သူ့အကြည့်နဲ့ ဆုံသွားသည်

မျက်နှာချင်းကလည်းထိကပ်လုနီးနီး အခြေအနေ … အသက်ရှုရင်း သူ့ဆီက ထွက်လာသည့် ထွက်သက်လေသက်တောင် သူမပါးကိုလာထိနေသည်

သူမက သူ့ကိုတမင်ကြည့်ပေးနေလိုက်တာကြောင့် ရုတ်တရက်ကြောင့် သူကကြောင်နေဟန်တူသည် သူမလုပ်ရပ်က သူ့ကိုရင်ခုန်စေဖို့တော့ သေချာနေသည်

ရှင် …အခုချိန်ကစပြီး ရူးဖို့သာပြင်ထားတော့ Park ChanYeol ……

" အဟမ်း အဟမ်း …"

Sec ကြားအကြည့်ချင်းဆုံနေကြပြီး xiuminဆီမှ ချောင်းဟန့်သံမှ လူချင်းခွာလိုက်သည်

သူမအကြံအစည်မို့ ဘယ်လိုမှမခံစားရသော်လည်း သူကတော့မျက်နှာနီသွားသည်

" ဘာ …ဘာဖြစ်သွားသေးလဲ …"

Yeol ထစ်ငေါ့ငေါ့မေးလာသည် အခုကျတော့လည်း ရှင့်ပုံစံက ဒီလိုအတွေ့အကြုံလုံးဝမရှိထားတဲ့ကောင်လေးတစ်ယောက်လိုပါလား ChanYeol …တကယ်ဆို ဒီလောက်အထိအတွေ့က ရှင်ဘယ်မှပြောလောက်သေးတဲ့ ကိစ္စမျိုး မဟုတ်ဘူးလား !! ရှင်ဟန်ဆောင်နေတာလား??

She can bewitch meNơi câu chuyện tồn tại. Hãy khám phá bây giờ