12.[U + Z]

3K 485 19
                                    

အမေ့အတွက် ဝယ်လာတဲ့အထုပ်အပိုးတွေကို ​သေချာစစ်လို့ရှောင်းကျန့် လည်တဆန့်ဆန့်။ သူအိမ်ရောက်ချင်လှပြီ။ ကားဝယ်ထားပေမယ့်ရှောင်းကျန့်က ခရီးဝေး မမောင်းရဲ။ ဝမ်ရိပေါ်မောင်းတတ်ပေမယ့် သူက လိုင်စင်မဲ့ နတ်ဆိုးလေ။ စည်းကမ်းက စည်းကမ်းပဲမို့ ရထားလက်မှတ်ဖြတ်လာတာ။ ဝမ်ရိပေါ်က မျက်စိတစ်မှိတ်အတွင်း ရွာဆီပို့လိုက်နိုင်စွမ်းရှိပေမယ့် ရှောင်းကျန့်ကတော့ ကိုယ်တိုင်နေရပ်ပြန်ရတဲ့အရသာကိုနှစ်ခြိုက်လှတာမို့ ဝမ်ရိပေါ်ကိုပါ အပင်ပန်းခံခိုင်းလိုက်တယ်။

ရွာအဝင်လမ်းက ခုထိ ဖုန်တလောင်းလောင်းပဲ။ ရှောင်းကျန့်ရဲ့အထုပ်အပိုးမှန်သမျှ ဝမ်ရိပေါ်က ဒိုင်ခံသယ်တယ်။ ရှောင်းကျန့်ကိုအသယ်မခံ။ လမ်းတောက်လျှောက်က ရပ်ဆွေရပ်မျိုးတွေကို ရှောင်းကျန့်က အမှတ်တရရှိလှစွာရယ်မောပြပေမယ့် သူတို့ကတော့ ရှောင်းကျန့်ကို မမှတ်မိကြဘူးထင်ပါတယ်။ အူကြောင်ကြောင်အကြည့်တစ်ချက်သာ ပေးပြီး ရှောင်ကွင်းသွားကြတယ်။

ရောက်လာပါပြီ သပြေညွန့်တလူလူနဲ့ သပြေပင်တွေစီတန်းစိုက်ပျိုးထားတဲ့ခြံဝန်းကလေး။ ရှောင်းကျန့်ခြေလှမ်းတွေလေးကန်သွားတယ်။ ဒီနေရာမှာ ရှောင်းကျန့် သပြေညွန့်တွေချိုးဖူးရဲ့။ သူ့လက်တွေနဲ့ သပြေခက်လှလှတွေစည်းဖူးရဲ့။ သပြေညွန့်တွေချိုးနေတဲ့ ဆယ်ကျော်သက်ကောင်လေးရှောင်းကျန့်အငွေ့အသက်တွေက ဟောသည် သပြေပင်တန်း အနားမှာ လတ်လတ်ဆက်ဆက်။

ခပ်ကုပ်ကုပ်အိမ်ငယ်ထဲကနေ အမျိုးသမီးတစ်ယောက်ထွက်လာတယ်။ ခပ်သေးသေးခန္ဓာကိုယ်က အရင်ကလို သားတစ်ယောက်အမေ မုဆိုးမ ရဲ့ မာန်မာနတွေပျောက်လုလု။ ရှောင်းကျန့်မရှိတော့ သပြေခက်ချိုးတဲ့တာဝန်ကိုလည်း အမေပဲ ယူရတော့တာပေါ့။ နှစ်နှစ်နီးပါးပဲ....နှစ်နှစ်နီးပါး ရှောင်းကျန့်ပစ်ထားခဲ့မိတာ။

"အမေ.."

ရှောင်းကျန့် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲခေါ်မိတယ်။ အမြဲတမ်းတမ်းတတခေါ်နေမိတဲ့ နာမ်စားလေးရဲ့ ပိုင်ရှင်က သူ့အရှေ့မှာ။

အမေက သူ့ကိုခဏလောက်စိုက်ကြည့်နေတယ်။ နောက်တော့ အံ့သြ ဝိုင်းစက်သွားတဲ့မျက်လုံးတွေမှာ မျက်ရည်တွေရစ်ဝိုင်းလာပါတော့တယ်။

Devil (Completed)Where stories live. Discover now