HUNHAN facts

14.2K 904 26
                                    

EXO ရဲ့ လူကြိုက်အများဆုံး နဲ့ Shipper အများဆုံး Couple

♥ HUNHAN Facts ♥

(1) Sehun အတွက် Luhan က အစ်ကိုတစ်ယောက်လိုပါပဲ။ Sehun က Exo member တွေထဲမှာ Luhan ကို အချစ်ဆုံးပါ။ Trainee ဘဝထဲက Luhan က သူ့ကို ဂရုစိုက်ပီး အမြဲကာကွယ်ပေးပါတယ်။

(2) Luhan ကိုလဲ Sehun က အရမ်းဂရုစိုက်ပါတယ်။ Luhan အတွက် Sehun က အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ညီလေးပါ။ Sehun က ညစ်ပတ်ရှုပ်ပွပီး ဆိုးပေမယ့် Luhan ကတော့ သဘောကျပါတယ်တဲ့။

(3) Kနဲ့M အတူနေရတဲ့ အချိန်တွေမှာဆိုရင် Luhan က Sehun အတွက် Milk Shake ကို မနက်တိုင်း ဖျော်ပေးပါတယ်။

(4) Sehun မှာ ပြဿနာတစ်ခုခုရှိတိုင်း Luhan က Sehun ရဲ့ ဆံပင်လေးတွေကို ပွတ်သပ်ပီး နှစ်သိမ့်ပေးပါတယ်။

(5) Kနဲ့M ခွဲနေရတော့မယ်ဆိုရင် HunHan က သူတို့ ရဲ့ အင်္ကျီတွေကို လဲလှယ်လေ့ရှိပါတယ်။ တစ်ယောက်ကို တစ်ယောက် သတိရတဲ့အခါ အလွမ်းပြေကြည့်ဖို့အတွက်ပါ။

(6) Luhan ရော Sehun ပါ လက်တွဲထားရတာကို နှစ်သက်ပါတယ်။ Luhan အကြိုက်ဆုံးကတော့ Sehun ပခုံးပေါ်မှာ မှီအိပ်ရတာပါတဲ့။ Selfie အတူတွဲရိုက်ခြင်းက HunHan ရဲ့ ဝါသနာပါ။

(7) Luhan က ညဘက်မှာ ကောင်းကင်က ကြယ်တာရာလေးတွေကို ကြည့်ရတာ နှစ်သက်သူပါ။ Predebut တုန်းကSehun ကို သူနဲ့ ကြယ်အတူတူကြည့်ဖို့ ခေါ်သွားလေ့ရှိပါတယ်။

(8) Luhan ရဲ့ Birthday တစ်ခုမှာ Sehun က ^ ကျွန်တော်က Hyung နဲ့အရမ်းတူတယ်နော် ^ လို့ပြောပီး Luhan ကို ဖက်လိုက်ပါတယ်။ ပီးတော့ ^ Hyung, happy birthday! Luhan က ကျွန်တော့်အတွက် အကောင်းဆုံးသော အစ်ကိုပါ။ ကျွန်တော် Hyung ကို ချစ်တယ် ^ လို့ပြောခဲ့ပါတယ်။

(9) Sehun က Luhan ကို manage လုပ်ရတာ ဆရာကြီးလုပ်ရတာ သိပ်ကြိုက်ပါတယ်။ ဘာလုပ်ရမယ် ဒီဟာလုပ်ရမယ် ဟိုဟာလုပ်ရမယ်ဆိုတာမျိုးပေါ့။ Luhan ကလဲ Sehun ပြောတာလေးတွေကို လိုက်လုပ်ရတာ သဘောကျပါတယ်တဲ့။

(10) Exo 1st stage မှာ Sehun နဲ့ Luhan က Hotel အခန်းကို တခန်းတည်းအတူသုံးခဲ့ပါတယ်။ Trainee ဘဝမှာလဲ roommate တွေပါ။

(11) Sehun က Luhan birthday တွေမှာ video message ပို့ တဲ့ အခါတိုင်း member အားလုံးက ရယ်ကြပါတယ်။ Kai ကတော့ အရယ်ဆုံးပါ။

(12) Fan တွေက Luhan နာမည်ကို ခေါ်လိုက်တိုင်း Sehun ဖြစ်သွားတဲ့ ရုပ်ကို ကြည့်ပီး Kai က အမြဲရယ်ပါတယ်။

(13) L.A ကိုသွားတုန်းက Luhan အတွက် Bambi Keychain လေးကို Sehun က ဝယ်လာပေးပါတယ်။ L.A မှာပဲ ကားပေါ်ကမဆင်းခင် Luhan ဆံပင်တွေကို Sehun က စည်းပေးခဲ့တာပါ။ (: ဂျာရစ်လို ထိပ်နားလေးမှာလေ :)

(14) Sehun က Luhan ထက် 4 နှစ်ငယ်ပေမယ့် စကားကို ယဉ်ယဉ်ကျေးကျေးမပြောပါဘူး။ ဘော်ဒါတွေလိုပဲ လွတ်လွတ်လပ်လပ် ပြောတာပါ။

(15) Sehun က Rubik ကို နိုင်အောင်ကစားချင်ပေမယ့် အမြဲရှုံးပါတယ်။ အဲ့ဒါကို Luhan က ရယ်တော့ Sehun စိတ်ကောက်ပါတယ်။ Sehun စိတ်ကောက်တိုင်းလဲ Luhan အမြဲချော့ရပါတယ်။

(16) တစ်ခါက Sehun စိတ်ဆိုးပီး member အားလုံးကို စကားမပြောပါဘူး။ ဒါပေမယ့် Luhan တစ်ယောက်ကိုတော့ စကားပြောပါတယ်တဲ့။

(17) Exo M Korea ကိုရောက်တိုင်း Sehun က Luhan ကို အပြင်ခေါ်သွားပီး လျှောက်လည်လေ့ရှိပါတယ်။ Bubble Tea အတူသောက်တာမျိုးပေါ့။

(18) Sehun က Luhan ကို ချစ်ဖို့ကောင်းအောင်လုပ်တဲ့ အမူအရာလေးတွေကို သင်ပေးပါတယ်။

(19) HunHan က couple shirts တွေ bracelet တွေ ring တွေ ဝတ်ရတာကိုလဲ အရမ်းနှစ်သက်ပါတယ်။

(20) Trainee ဘဝမှာ HunHan ကို အမွှာတွေလို့ထင်ခဲ့ကြတာပါ။ နှစ်ယောက်လုံးက ဆင်တူပီး အပြစ်ကင်းစင်တဲ့မျက်နှာလေးတွေကို ပိုင်ဆိုင်ကြလို့ပါ။

(21) Sehun ရော Luhan ရော တစ်ယောက်ကိုတစ်ယောက် ဘယ်တော့မှ လိမ်မပြောပါဘူး။ Sehun ကတော့ Exo K တစ်ဖွဲ့လုံးကို ခဏခဏလိမ်နေကျပါတဲ့။

(22) HunHan က Exo ရဲ့ အကျော်ကြားဆုံး နဲ့ Shipper အများဆုံး No.1 couple ပါ။ Chanyeol , Baekhyun နဲ့ Kai က HH shipper တွေပါ။

(23) Fan တစ်ယောက်က Sehun ရဲ့ Ideal girlfriend ပုံစံကိုမေးတဲ့အခါမှာ ^ Luhan ^ လို့ Leader Suho က နောက်ကနေ အော်ပီး ဖြေပေးဖူးပါတယ်။

(24) Luhan ကြောင့် Tao ဖန်ခွက်ကွဲသွားတုန်းကလဲ Luhan အဆူခံရမှာစိုးလို့ Sehun က Tao မသိအောင် တိတ်တိတ်လေး အစားပြန်ထားပေးပါတယ်။

(25) Sehun က တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ချင်ပါတယ်။ Luhan နဲ့ စကားများများပြောချင်လို့ပါတဲ့။

♥♠♣♥♠♣♥♠♣♥♠♣♥♠♣♥♠♣♥

Translated by ^^ luhannyhoney ^^

HunHan Facts ~♥~ Completed Donde viven las historias. Descúbrelo ahora