Part-11

1.4K 114 5
                                    

Unicode Version

လီရှန်းပင် မသိလိုက်ရဘဲနှင့်  ရှောင်ကျန့်ရဲ့အခက်အခဲကြီးတစ်ခု  အဆုံးသတ်သွားပါ၏။ ရုံးခန်းထဲကို ရှောင်ကျန့်ဝင်လာခဲ့တော့ အရင်ဆုံး လင်းလင်း၏ စပ်ဖြီးဖြီးမျက်နှာနှင့် ပက်ပင်းတိုးမိတယ်။

"ရှောင်ကျန့်ကောကော...ဘယ်လိုလဲ။ အားလုံးအဆင်ပြေသွားပြီလို့ကြားတယ်။ ဟုတ်လား"

"အင်း...ပြေသွားပြီ လင်း"

"ရိပေါ်ကောက ကူညီပေးတာဆို"

"ဘယ်သူပြောတာလဲ"

"တစ်ရုံးလုံး ပြောနေကြတာ"

"သူတို့ ဘယ်လိုလုပ်သိတာလဲ"

"မနေ့က MD နားမှာ လုဝေကောလည်း ရှိနေတယ်လေ"

သေချာပြီ။ လုဝေကောက တစ်ရုံးလုံးကို ဖွလိုက်ပြီ။

"အင်း ဟုတ်တယ်။ ဝမ်ရိပေါ်က ကူညီပေးတာ"

"ငွေက သိန်းရှစ်ဆယ်ဖိုးနော်"

"အင်းလေ..."

"သိန်းရှစ်ဆယ်ဖိုးတောင် ကူညီပေးလိုက်တာကို မိတ်ဆွေအဆင့်ပဲလား ကောရဲ့"

"လင်း!!"

သူစိတ်တိုစွာဖြင့် လင်းလင်းကို အော်လိုက်မိတယ်။

"Sorry ကော။ လင်း သူများ Personal ကို ဝင်စွက်ဖက်သလိုဖြစ်သွားတယ်။ ဟီး...ဟီး..."

လင်းလင်းက ပြောပြောဆိုဆိုနှင့် သူ့အနားမှ ထပြေးသွားတော့တယ်။ ထို့အပြင် တစ်ရုံးလုံးတွင် ရှိနေသော ဝန်ထမ်းများအားလုံး သူ့ကိုကြည့်သည့် အကြည့်များက တစ်မျိုးပြောင်းနေကြတယ်။ တီးတိုးစကားသံများနှင့်အတူ ပြုံးစေ့စေ့မျက်နှာများကလည်း သူ့ကို ပိုပြီးရင်ခုန်နှုန်းမြန်စေတယ်။

"ကဲ...အားလုံး နောက်ထပ်ဆယ်မိနစ်အတွင်း Meeting ရှိတယ်"

လုဝေကော၏ သတိပေးသံပြီးတော့ သူလည်း ပြင်ဆင်စရာရှိတာကို ပြင်ဆင်ပြီး Meeting Room ထဲသို့ ဝင်ခဲ့လိုက်ပါတော့၏။ ခဏကြာသည်နှင့် MD ရောက်လာပြီး သူလုပ်ထားသော ပြဿနာအားလုံး အဆင်ပြေသွားပြီဖြစ်ကြောင်း၊ ဝမ်ရိပေါ်က ကူညီလိုက်ကြောင်းနှင့် နောက်နောင် ထိုသို့ထပ်မဖြစ်အောင် သတိထားသင့်သည်ဖြစ်ကြောင်းကိုပါပြောပြီး တစ်ခြားမှာစရာရှိသည်များကို Meeting တွင် မှာကြားလေ၏။ ထို့နောက်တော့ သူတို့ Meeting လေးလည်း ပြီးဆုံးသွားလေ၏။

ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (COMPLETED)Where stories live. Discover now