အပိုင်း (၁) လွမ်း​မောခြင်းအစ

1K 73 20
                                    

{Unicode}

Merry Christmas and Happy New Year!

ဒါ​လေးက​တော့ ဒီနှစ်ခရစ်စမတ်အတွက် သက်သက်​ရေးထားတဲ့ Jay အိုစီ short story လေးပဲဖြစ်ပါတယ်။ အစက​တော့​ ရေးဖို့အစီအစဥ်မရှိဘူးရယ်။ အစ်မတစ်​ယောက်က ရေး​​စေချင်တယ်ဆိုလို့ မိုတီ​တွေရပြီး​ရေးပစ်လိုက်တာ​ပေါ့။ ပေါ့​ပေါ့ပါးပါး​လေးနဲ့ စုစု​ပေါင်း သုံးပိုင်းတည်းရှိတာပါလို့။ အဆုံးထိပြီးပြီးသားမို့ ဖတ်​ပေးကြပါဦးလို့ 💛😚

~~~~

အပိုင်း (၁) လွမ်းမောခြင်းအစ

၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ။
စိန့်ဂါလင်မြို့ (St. Gallen)၊ ဆွဒ်ဇာလန်။

ဒီဇင်ဘာရဲ့ အေးမြတဲ့နံနက်ခင်းတစ်ခုဝယ် ချမ်းစိမ့်သောလေပြည်နဲ့အတူ မြက်ခင်းပြင်ကျယ်ရဲ့ စိမ်းမြမြအနံ့က ဂျေးရဲ့နှာဖျားထိပ်မှာ တိုး​ဝှေ့ကျီစယ်သည်။ ထွေး​ပွေ့ထား​ပေးမယ့်လူမရှိ​တော့ အ​နွေးထည်ထူထူဝတ်ထားတာ​တောင် အ​အေးဓါတ်က ပိုကဲ​နေသလိုပင်။

မြက်ခင်းပြင်​တွေစိုစွတ်​ပြီး ဟိုတစ်ကွက်သည်တစ်ကွက်နဲ့ နှင်း​တွေဖုံး​နေပုံ​အရ ညကတစ်ညလုံးနှင်းတွေကျထားသည်ဟု ထင်ပါသည်။ တစ်စုံတစ်​ယောက်က သ​ဘောကျသလိုမျိုး နေရာအနှံ့​တော့ နှင်း​တောကြီးလိုဖြစ်မ​နေ​သေး။ ခရစ်စမတ်မတိုင်ခင် တစ်ရက်ရက်မှာ​တော့ နှင်းဖုံးနိုင်​လောက်ပါရဲ့။

ပတ်ဝန်းကျင်ကနေရာအနှံ့မှာ ဆီးနှင်း​ဖွေး​​ဖွေး​တွေ ဖုံးလွှမ်း​နေတာကို သူ(မ)က သိပ်သ​ဘောကျတာ​။ အခု​ရော သူ​​ရှိနေတဲ့​နေရာမှာ နှင်း​တွေ​ဖွေး​နေ​​လေမလား။ သူက​ရော က​လေး​လေး​တစ်​ယောက်လို နှင်း​တောထဲ​လျှောက်​ပြေးပြီး သူ့​ခွေး​လေးနဲ့အတူ ဆော့​နေ​လေမလား။ ဒါမှမဟုတ် အကြိုက်​တွေများ​ပြောင်းပြီး ရင့်ကျက်တဲ့မိန်းမပျို​လေးအသွင်များ ဆောင်​နေ​လေမလား။

လူချင်း​တွေ့ခွင့်မရတဲ့ ငြီး​ငွေ့စရာခုနှစ်​တွေမှာ သူ့ပုံစံ​လေးမြင်​ယောင်ရင်းနဲ့သာ လွမ်းစိတ်ကို​ဖြေရသည်။ အားတဲ့အခါမှသာ ဖုန်း​​ပြောဖြစ်ရင်း မျက်နှာ​လေး​​တောင် ငေးကြည့်ခွင့်မရခဲ့တာ သည်နှစ်နဲ့ဆို သုံးနှစ်။ အချိန်ကာလမတူတဲ့ ဒေသတစ်ခုစီမှာ တကွဲစီ​နေ,နေရတာမို့ ဖုန်း​ပြောဖို့​တောင် သိပ်အဆင်မ​ပြေချင်။

Christmas WishWhere stories live. Discover now