အပိုင်း (၃) သတိရခြင်းအဆုံးသတ်

416 54 9
                                    

{Unicode}

အပိုင်း (၃) သတိရခြင်းအဆုံးသတ်

စိန့်ဂါလင်မြို့၊ ဆွဒ်ဇာလန်။

ဘုရား​ကျောင်းလာတဲ့လူ​တွေအားလုံး ဘုရားဝတ်ပြုကြ၊ ဓမ္မ​တေး​တွေဆိုကြ၊ ခရစ်စမတ်ကတ်​တွေ လဲလှယ်ကြနဲ့ ခရစ်စမတ်ရဲ့ည​နေခင်းကို ပျော်ရွှင်စွာဖြတ်သန်းကြ၏။ ဂျေးစိတ်ထဲမှာ အတိတ်ကို လွမ်းဆွတ်​နေတာ​တောင်မှ အေးချမ်းမှုကိုရရှိ​နေသည်။

ဘုရား​ကျောင်းမှာ တဖြည်းဖြည်းလူနည်းလာတဲ့အထိ ဂျေးထိုင်​နေရာက မထဖြစ်​သေး။ လူ​တွေအားလုံးရှင်းသွား​တော့ နာရီလည်သံတချက်ချက်က ဘုရား​ကျောင်းထဲ သေချာကြားရသည်။ နောက်ဆုံးတန်းမှာထိုင်​နေမိတဲ့ ဂျေးက လူတစ်​ယောက်မှမရှိ​တော့တဲ့ အလယ်နားကခုံတန်းမှာ သွားဝင်ထိုင်လိုက်သည်။

ဂျေးရဲ့လက်ထဲမှာ​တော့ ဗြောလ်ရဲ့ကျမ်းစာအုပ်​လေးက နေရာယူလျက်။ သူနဲ့မ​တွေ့ရတဲ့ ခရစ်စမတ်​တွေမှာ သူလုပ်​နေကျအတိုင်း သမာကျမ်းစာ​တွေကို ညဥ့်နက်တဲ့အထိဖတ်ရင်း အလွမ်း​တွေကို ဖြေ​ဖျောက်တယ်ဆိုတဲ့အ​ကြောင်း ဗြောလ်ကို​တော့မ​ပြောပြဖြစ်ခဲ့။ သူသိရင် ရယ်​နေဦးမလားမသိ။

ဂျေးကျမ်းစာဖတ်​နေတုန်းမှာပဲ တစ်​ယောက်​ယောက်က တံခါးမကြီးကိုတွန်းဖွင့်ပြီး အထဲဝင်လာတဲ့ ခြေသံဖွဖွကိုကြားရသည်။ ပြီး​တော့ အ​နောက်နားက ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်ပုံပါပဲ။ ဒီအချိန်မှ ဘုရား​ကျောင်းလာတဲ့လူက ရှိ​သေးတာလား။ ထားပါ​တော့​လေ။

ပျံ့လွင့်သွားတဲ့ အာရုံ​တွေကိုပြန်စုစည်းပြီး စာအုပ်ထဲကိုသာ စိတ်နှစ်ထားလိုက်မိသည်။ အားလုံးအပြီးမှာမှ ထပြန်ဖို့ပြင်​တော့ ညဆယ်နာရီပင်ကျာ်​နေပေပြီ။ ဒီ​နေ့ထိုင်လိုက်တာ တော်​တော်ကြာသွားတာပဲ။

ခဏချွတ်ထားတဲ့ မာဖလာ​လေးကို ထပတ်​နေတုန်း အ​နောက်ဘက်ဆီကိုအကြည့်​ရောက်မိ​တော့ ဆံပင်ခပ်ရှည်ရှည်နဲ့ ကောင်မ​လေးတစ်​ယောက်က ခေါင်းငုံ့ထားရင်း ဝတ်ပြုဆု​တောင်းနေတာကို တွေ့ရသည်။ အယ်.. သူရောက်လာတာကြာ​နေပြီကို ဒီအချိန်ထိ မပြန်​သေးဘူးလား။

Christmas WishWhere stories live. Discover now