Chapter 4: Spring

1.1K 207 12
                                    

Unicode

" သခင်​လေး ဘယ်သွားမှာလဲ? " ဝမ်ရွှယ်ပင်းက ပြုံးပြုံးရွှင်ရွှင်နဲ့မေးလိုက်သည်။ သူ့မျက်နှာက စိတ်လှုပ်ရှားစရာတွေပြည့်​နေပြီး သူ့မျက်လုံးတွေက တောက်ပြောင်နေတဲ့ကားကို စိုက်ကြည့်နေကာ စမ်းကြည့်ဖို့ စိတ်အားထက်သန်နေပုံရသည်။

" အရင်ထွက်သွားရ​အောင်။ " ပိုင်ကျင်းသည် မျက်လုံးများကိုမှိတ်ထားပြီး နောက်ထိုင်ခုံပေါ်တွင် အားနည်းစွာမှီနေလိုက်သည်။ သူ့ရှေ့ကလူ၏ တောက်ပ​နေတဲ့အပြုံးက သူ့မျက်လုံးထဲမှာ စူးရှနေတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။

ဝမ်ရွှယ်ပင်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်မြှင့်တတ်လာကာ ကြီးမားသောအပြုံးထွက်​ပေါ်လာသည်။ သူ့ခေါင်းကိုလှည့်ကာ ရှေ့ကိုစေ့စေ့ကြည့်ပြီး အရှိန်မြှင့်လိုက်ရာ Limited Edition Porsche တစ်စီး အမြန်ထွက်လာခဲ့သည်။

လမ်းပေါ်သို့ရောက်ပြီးနောက် ပိုင်ကျင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ့မျက်လုံးများသည် နက်မှောင်ပြီးမှိုင်းညို့နေကာ နက်နဲသော အတွေးတစ်ခုဖြစ်​ပေါ်နေသည်။ ရှောင်ဆာနဲ့မတွေ့ဆုံခင် သူ့မှာ အားကိုးစရာနေရာရှိပေမယ့် သူ့အဖွဲ့ကို အရင်စုထားနိုင်ပါ​သေးသည်။ ရိက္ခာအတွက် စိတ်ပူစရာမလိုသော်လည်း ဖုတ်ကောင်များနှင့် ကမ္ဘာပျက်ကပ်နေ့ရက်များတွင် တစ်ယောက်တည်းနေရန် ခက်ခဲနေဆဲဖြစ်သည်။

" Gold Coast ကိုသွားမယ်! " သူ့စိတ်ထဲမှာ တွေး​တောပြီး​နောက် ပိုင်ကျင်းက ခရီးစဉ်ရဲ့ ဦးတည်ရာကို ပြောလိုက်သည်။

ဝမ်ရွှယ်ပင်း၏ မျက်နှာမှာ​နောင်တရသည့် အရိပ်အ​ယောင်ဖြစ်​ပေါ်လာပြီး ကားကိုနောက်သို့ပြန်လှည့်ကာ Gold Coast သို့ အမြန်ဦးတည်သွားခဲ့သည်။

ပိုင်ကျင်း စိတ်ထဲတွင် ရယ်​မောလိုက်သည်။ တောင်ကြီးကဲ့သို့ သန်မာသောလူတစ်ယောက်တွင် ထိုကဲ့သို့ ကလေးဆန်သောအပြုအမူရှိမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ ဒါက ကားတစ်စီးမျှသာဖြစ်ပြီး ပိုင်ကျင်းက အပျော်စီးဖို့နောက်မှ သူ့ကို ကားပေးသင့်တယ်လို့ တွေးလိုက်သည်။ စက်ပြင်ပညာသင်ယူရန် သူ့ကို စေလွှတ်သင့်သည်။ ကမ္ဘာပျက်ကပ်အတွင်းမှာ၊ အဲဒါက ကြိုဆိုစရာအကောင်းဆုံး အရည်အချင်းတစ်ခုပဲဖြစ်သည်။

ကမ္ဘာပျက်ကပ်သို့ ပြန်လည်​ရောက်ရှိခြင်းWhere stories live. Discover now