In Fudan space

3.6K 132 9
                                    

[Zawgyi]

(Scroll down for uni)

မြူမှုန်တွေ လှိုင်းထနေတဲ့ ကွင်းပြင်မှာ မတ်တပ်ရပ်‌လျက်သား အိပ်ပျော်နေတဲ့ သက်ရှိတစ်ဦး

ရှေ့က ကြည့်လိုက်ရင်တော့ နုဖတ်အုနေတဲ့အသားရေ မဟုတ်ဘဲ ကြမ်းတမ်းအုနေတဲ့အသားရေရှိတဲ့ လူငယ်လေး ၊ နှုတ်ခမ်းက ပန်းနုရောင်တောက်နေတာမဟုတ်ဘဲ နီနီရဲရဲလေး

မျက်ခုံး မျက်ဆံကတော့ သိပ်မသေချာ. ဖုံးအုပ်တွဲကျနေတဲ့ ဆံကေသာတွေက ရုပ်ဆိုးနေတဲ့အပေါ်ပိုင်းကို ကွယ်ထားပေးသည်.

နောက်က ကြည့်လိုက်ရင်တော့ ယပ်တောင်တစ်ချောင်းကိုင်‌ထားတဲ့ လက်တစ်ဖက်က စွံထွက်နေတဲ့အမွှာ‌ကြား ရောက်နေသည်.

အရှေ့နဲ့ နောက်နဲ့ မှားကြည့်မိတာလား. ဒါက ဘာကြီးလဲ မကောင်းဆိုးဝါးလား

အံမယ်လေးလေး..

မကောင်းမှုတွေများခဲ့တယ်နဲ့တူတယ်..ရုပ်ကလည်း မလှ. ရှေ့မှာရှိရမယ့် အမွှာက နောက် ရောက်နေတယ်.

စာအုပ်ထဲမှာပါတဲ့ လူဖြစ်ရှုံးတယ်ဆိုတာ ဒါကို ပြောတာလား.

သနားစရာ မိန်းမလူငယ်လေးရယ်..

ခေါင်းတရမ်းရမ်းနဲ့ အရာ‌ငယ်လေးက ထိုသက်ရှိလေးကို သနားသွားဟန်တူသည်.

နောက်ပါးက တောင်အမွှာဆီ လက်ဆန့်ကာ ရှေ့ကို ရွေ့လိုက်သည်. လက်ဝါးဆီမှ အစိမ်းငွေ့တွေထွက်လာပေမယ့် အမွှာက နေရာမရွေ့.

"ငါပဲ လုပ်တာမှားတာလား. စီနီယာပြောတာတော့ တောင်အမွှာ‌ တွေက ရှေ့မှာရှိရတာဆို. ဘာလို့ ရွှေ့ပေးလို့မရတာလဲ.မဖြစ်ဘူး.ဒါက ငါရဲ့ ပထမ‌ဆုံးပေပေပဲ. ထပ်ပြီး ဝမ်းမနည်းရအောင် ရွှေ့ပေးရမယ်. ပါးပါးတို့ဆီ သွားမေးရမယ်."

ဝှစ်ခနဲ ပျောက်သွားတဲ့ အရိပ်လေးအဆုံးမှာ သက်ရှိအရာလေးရဲ့ မျက်ဝန်းတစ်စုံကလည်း ပွင့်ဟလာသည်.

ဘာခံစားချက်မှ ရှိမနေတဲ့မျက်ဝန်းလေးက ပတ်ဝန်းကျင်နဲ့ အသားကျသွားတဲ့အခါမှာတော့ ပြူးကျယ်သွားပြီး 1စက္ကန့်မကြာခင်မှာပဲ စိတ်ပျက်နေဟန် ဖြစ်သွားသည်.

သူ စိတ်ပျက်သွားတယ်..

"ထပ်ပြီး ဒီနေရာပဲလား. ငါလေးကို ဘာလုပ်စေချင်ပြန်ပြီလဲ. သောကိုးပါးပါးတွေ."

ဇာတ်လိုက်မကို ချောက်ချမယ်Where stories live. Discover now