World 1(Arc 1.1)

527 73 5
                                    

[Zawgyi]🌅🌅🌅

နိုးထပွဲကျင်းပမယ့် အခမ်းအနားရင်ပြင်‌‌ပေါ်မှာစကားပြောသံတွေ ဆူညံလို့နေသည်..

နေတစ်စထိုးဖောက်မရသည်အထိ ပြည့်နှက်နေသည့် လူအုပ်ကြားထဲ အတင်းတိုးဝင်နေတဲ့ ခေါင်းစွပ်ခြုံထားသည့် လူတစ်ယောက်..

"ဟေ့..မင်း သေချင်နေတာလား..ကြည့်ချင် စောစောလာပါ့လား.."

"ဟုတ်ပါ့..ငါတို့မှာ အရှင့်သားကို မြင်ချင်လွန်းလို့ စောစောလာထားရတာ..နေရာလုချင်နေသေးတယ်."

လင်မယားဖြစ်ဟန်တူသည့် လူ၂ယောက်က ရှေ့မှပိတ်ကာ ပြစ်တင်လာချေသည်.

ဒီနေရာမှာရှိနေတဲ့ လူအုပ်ကြီးမှာ လူထုရှေ့ လှုပ်ရှားမှုတွေမရှိသလောက်ဖြစ်နေသည့် အိမ်ရှေ့စံကို မြင်ဖူးချင်ကြသည့် လူတွေချည်းပင်..

အချိန်နဲ့ ခွန်အားတွေထည့်ထားရတဲ့ သူတို့လက်ရှိနေရာအတွက် အခုလို ဘာမဟုတ်သည့်လူက လာလုတာကို လက်မခံနိုင်ကြတာ သဘာဝမဟုတ်ဘူးလား..

လင်မယား၂ယောက်လို ထုတ်မ‌ပြောရုံသာရှိသည်..အကြည့်များမှာတော့ ဒေါသ‌တွေနဲ့..မကျေနပ်မှုအပြည့်ပင်..

ထိုသို့ လူအုပ်ကြီး၏ ဒေါသလားရာ ထိုခေါင်းစွပ်နှင့်လူသည် ရုတ်တရတ် ‌ခေါင်းမော့ကာ လူအုပ်ကို ကြည့်လိုက်သည်..

လူတိုင်း ခေါင်းစွပ်အောက်မှ ထွက်ပေါ်လာသည့် ထူးခြားသည့် မျက်ဝန်းတစ်စုံကို မသိစိတ်မှ ငေးကြည့်မိလိုက်သည်။

ထို့နောက် လူတစ်ယောက်စာ သွားလမ်းလေး ထွက်ပေါ်လာ‌ပြီး..ထိုလူသည် ထိုကြားထဲမှ ခပ်သွက်သွက်ပင် လှမ်းလျောက်သွားကာ..ရှေ့ကို သွား‌‌ချေသည်..

လူသွားလမ်းအဆုံးကို ရောက်သွားသည့်အခါမှာတော့ ဒေါသထွက်နေသည့် လူအုပ်ကြီးမှာ ဖြစ်ပျက်သွားသမျှကို မေ့ပျောက်သွားသည့်အလား..

အစကနေအဆုံးထိ လင်မယား၂ယောက်မှာတော့ မျော်လင့်နေသည့်မျက်လုံးတွေနှင့် စင်မြင့်ကို ငေးနေကြသည်..

ခုနက အော်ဟစ်နေသည့် ပုံစံနှင့် တခြားစီပင်..လူစားလဲသွားသည်လို့တောင် ထင်ရသည်..

ဇာတ်လိုက်မကို ချောက်ချမယ်Dove le storie prendono vita. Scoprilo ora