Part -1

22 9 12
                                    

"ချစ်သောကြိုး''

                      ~ မေရိုးရာ + နွဲ့ကြိုးယဥ် ~

Part - 1 ♡

'ရန်ကုန်တက္ကသိုလ်´လမ်းတစ်လျှောက်ငြိမ့်ငြိမ့်လေးမောင်းနှင်လာတဲ့နောက်ဆုံးပေါ်ကားအနက်တစ်စီး(IR)major ဆောင်ရှေ့မှာဆွေ့ခနဲရပ်သွားခဲ့တယ်။အားလုံးရဲ့အကြည့်တွေကအဲ့ကားပေါ်မှာပေါ့။ထိုစဉ်ကားပေါ်ကဆင်းလာတဲ့မိန်းကလေးတစ်ဦးသိပ်လှပြီးသိပ်ယဉ်လွန်းတဲ့မိန်းမလှလေးတစ်ဦး၊တက္ကသိုလ်ကျောင်းသားတွေအားလုံးအကြည့်မခွာနိုင်ဘဲငေးနေမိကြတယ်
-'ကျစ်´''ရိုး'' စိတ်ပျက်စွာစုပ်သက်လိုက်မိတယ်။

ဟိုးးငယ်ငယ်လေးကတည်းကအခုချိန်ထိလူတွေအာရုံစိုက်မှုခံနေရတယ့် ''ရိုး''၊အခုလည်းကားပေါ်ကဆင်းလိုက်တာနဲ့အားလုံးရဲ့အကြည့်တွေက ''ရိုး'' ဆီမှာ။မကြိုက်ပါဘူး။အဲ့လိုအာရုံစိုက်ခံရတာကြီးကို ''ရိုး'' တကယ်မကြိုက်တာပါ။''ရိုး'' ရဲ့အပြင်ပုံစံကိုပဲကြည့်ပြီးအားလုံးက ''ရိုး''နဲ့အပေါင်းအသင်းလုပ်ချင်ကြတယ်။တကယ်တန်း ''ရိုး'' အကြောင်းတွေသိသွားရင်အကုန်လုံးထွက်သွားကြတာပဲလေ။ဘယ်သူ့ဆီကမှဂရုစိုက်မှုဆိုတာမရခဲ့တဲ့''ရိုး''အတွက်ကတော့ဒီလိုအာရုံစိုက်ခံနေရတာတွေကအပေါ်ယံပဲဆိုတာသိလာပြီးဘယ်အရာအပေါ်ကိုမှမလေးနက်တော့သလိုဘယ်သူနဲ့မှလည်းမပေါင်းဖြစ်တော့ဘူး။တစ်ယောက်တည်းပဲနေဖြစ်တော့တယ်။

ကော်ရစ်တာတစ်လျှောက်လမ်းလျှောက်လာရင်းရိုးသင်ရမယ့်စာသင်ခန်းထဲကို၀င်လိုက်မိတယ်။ထုံးစံအတိုင်းအားလုံးရဲ့
အကြည့်တွေက''ရိုး''ဆီမှာ၊တကယ်စိတ်ပျက်စရာကောင်းတာပဲ။ဘယ်သူ့ကိုမှပြန်ကြည့်မနေတော့ပဲနောက်ဆုံးခုံရဲ့ထောင့်ဆုံးနေရာမှာ၀င်ထိုင်နေလိုက်တယ်။ဆရာလည်းမလာသေးတော့သီချင်းနားထောင်နေတာပဲကောင်းပါတယ်။အမြဲတမ်း' 'ရိုး'' အတွက်အဖော်ဖြစ်နေခဲ့တာဒီသီချင်းတွေပဲလေ။လူမှန်းသိတတ်စအရွယ်ထဲကတစ်ယောက်တည်းပဲနေခဲ့ရတယ်။အခန်းကျယ်ကြီးထဲမှာရိုးတစ်ယောက်တည်းရန်ဖြစ်ဆူညံသံတွေကိုအံတုရင်း၊သီချင်းတွေအကျယ်ကြီးဖွင့်နားထောင်ရင်းနေခဲ့ရတဲ့ရက်ပေါင်းမနည်းဘူးပေါ့။Broken Familyဖြစ်တဲ့ရိုးအတွက်ကတော့'အချစ်´ဆိုတာဟာသတစ်ခုလိုပဲ၊ ''ရိုး'' ငယ်ငယ်လေးထဲကအိမ်မကပ်ပဲမိန်းမတွေနဲ့ပျော်ပါးနေတဲ့ဒယ်ဒီရယ်သူ့ထက်အဆမတန်ငယ်တဲ့ကောင်လေးတွေနဲ့အချိန်ကုန်နေတတ်တဲ့မာမီရယ်၊ငွေရှိတယ်ဆိုတဲ့အကြောင်းပြချက်တခုထဲနဲ့ရိုးအပေါ်တာ၀န်ကျေပြီလို့ထင်နေကြတဲ့သူတို့၊ချစ်ခြင်းမေတ္တာဆိုတာဘာလဲမသိတဲ့ရိုး  တကယ်တမ်းလည်းအချစ်ဆိုတာကြကိုမယုံကြည်ခဲ့ပါဘူး။

ကြိုးWhere stories live. Discover now