ချစ်သောကြိုး
~ မေရိုးရာ + နွဲ့ကြိုးယဥ် ~
Part - 2
"ရိုး'' ကို ''ဟေ့ အမိ'' ခေါ်လို့ ကလေးဆန်ဆန် ရန်တွေ့နေသောရွှေညာသူလေးကြောင့် ''ရိုး'' မှာထရီမိသည်။ ''ရိုး'' မှာရီတာကိုရပ်ပီး ရှေ့ကရွှေညာသူထံစကားစဖို့ပြင်ရတော့သည် မရပ်လို့လဲမရပါ ရှေ့ကရွှေညာသူက''ရိုး'' ထံမျက်စောင်းတွေလွှတ်နေပီလေ။
အဟမ်း ''ရိုး'' ကဒါဆို အမိကို ဘယ်လိုခေါ်ရမှာတူန်း ''ရိုး'' မေးလိုက်တဲ့အမေးကြောင့် ''ရိုး'' ထံကိုမျက်ဝန်းလှလှလေးတွေတဖန်ပြန်ရောက်လာကာ ကျွန်မနာမည် ''နွဲ့ကြိုးယဥ်'' ရှင့်တဲ့။ နွဲ့ကြိုးယဥ်တဲ့လား ''ရိုး'' နှုတ်ခမ်းမှသူ့မနာမည်ကိုရေရွတ်ကာ အတွေးထဲမှာ '' မင်းကသိပ်ကိုလှတယ် နွဲ့ကြိုးယဥ်''။ ''ရိုး'' ကိုမိတ်ဆက်ပီး သူရှေ့ကစာအုပ်တွေကိုငုတ်ကြည့်နေသော နွဲ့ကြိုးယဥ့်။ '' ရိုး'' မှာပြန်မိတ်ဆက်ဖို့တောင် ''ရိုး'' ကိုပြန်တောင်လှည့်မကြည့်သော '' နွဲ့ကြိုးယဥ် '' ကြောင့်
ခပ်တည်တည်ပင် ကို့ဘာသာမိတ်ဆက်ရတော့သည်။ '' ရိုး'' နာမည်က '' မေရိုးရာ'' ပါ။ ''ရိုး'' မှာမိတ်သာဆက်နေရတာ လှည့်ပင်မကြည့်သော ရှေ့ကရွှေညာသူကြောင့် ''ရိုး'' မှာအင်တင်တင်သာရပ်နေရတော့တယ်။ ခနအကြာ ''ဟုတ်ကဲ့ ကျွန်မမှတ်ထားပါ့မယ် မေရိုးရာ ''
"ရိုး''ကိုလှည့်ပင်မကြည့်ပဲ ဖြေနေသော ရွှေညာသူကြောင့် ''ရိုး'' မှာ အင်း တစ်လုံးသာပြန်ဖြေပီး ထိုင်နေကြနေရာစီပြန်လာခဲ့တော့သည်။ ''ရိုး'' အတွေးထဲမှာတော့ '' မာနခဲလေးရွှေညာသူ'' လို့မှတ်ချက်ချမိတော့သည်။ထိုနေ့၊အဲ့လမင်းလေးကိုပထမဆုံးတွေတဲ့နေ့ကစပြီး ''ရိုး '' ဘဝကြီးကရှင်သန်ရတာအဓိပ္ပါယ်ရှိသွားသလိုပင်။သူမလေးရဲ့အကြောင်းကိုသိချင်လို့စုံစမ်းကြည့်တော့အညာကတတ်လာပြီးကျောင်းလာတတ်သူလေးတဲ့၊အညာကအဒေါ်နဲ့အဆင်မပြေလို့ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာရင်းအဆောင်ငှားနေနေတာတဲ့မိဘတွေကလည်းမရှိကြတော့သူလေးအထီးများကျန်နေမလား။တက္ကသိုလ်တက်တာ(3)လတော်ကျော်ပြီသူ့ကိုစနောက်တာကလွဲပြီးတစ်ခါမှသေချာစကာမပြောဖူးဘူး။သွားပြောဖို့လည်းသတ္တိမရှိသလိုတကယ်ချစ်မိတာလားဆိုတာကိုလညသေချာမသိဘူး။အချစ်ကြောင့်ဖြစ်ပေါ်တဲ့ခံစားချက်တွေ ရိုး တစ်ခါမှမကြုံဖူးဘူးလေ။ဒါမဲ့သူလေးကိုတော့အချိန်တိုင်းသတိရရင်းခိုးရိုက်ထားရတဲ့ပုံလေးတွေပဲကြည့်ပြီးအလွမ်းဖြေနေရတယ်။ဟူးးးးငါ့ခံစားချက်တွေကို သေချာစမ်းစစ်ကြည့်သင့်နေပြီထင်တယ်။
YOU ARE READING
ကြိုး
Fantasyပထမဆုံး Gl ရေးဖူးတာမို့ အမှားပါသွားရင် တောင်းပန်ပါတယ်။ဖတ်ပေးတဲ့တစ်ဦးတစ်ယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်♡