14(uni)

554 30 100
                                    

"Snowလား"

စောင်အောက်ထဲမှာရှိနေတဲ့ အဝတ်မကပ်တဲ့ဗိုက်သားပြင်ပေါ်က အမွှေးနုနုကိုခံစားမိသည်။Snowရဲ့အမွှေးနဲ့လည်းသိပ်မတူပေ...

"သမီးလေး..."

မျက်လုံးကိုပွတ်သပ်ကာဖွင့်လိုက်ပြီး ဘေးကိုကြည့်လိုက်တော့
ခမ်းရဲ့ညာဘက်မှာ လုံးလုံးလေးအိပ်နေတဲ့သမီးလေး....

"ဒါဆို...အောက်ကဘာလဲဟ"

အလန့်တကြားစောင်ကို ပိတ်လှပ်လိုက်တော့မှ ဗိုက်ပေါ်ခေါင်းတင်ပြီး အိပ်နေတဲ့သခင်လေးရယ်ပါ။

"သခင်လေး..."

နိုးသွားမှာဆိုးသောကြောင့် တိုးတိုးလေးခေါ်ကာ ဆံပင်လေးများကိုပွတ်သပ်ပေးမိသည်။သို့ပေမဲ့ ခေါင်းထောင်ကာကြည့်လာတဲ့ သခင်လေးက အိပ်ပျော်နေခဲ့ခြင်းမဟုတ်...

"ဘယ်တုန်းကပြန်ရောက်တာလဲ"

"ခုနကမှအိမ်ပြန်ရောက်တာ"

"ကိုယ့်ကိုနှိုးတာမဟုတ်ဘူး"

"သတိရတယ်"

"ဟမ်.."

"တစ်လလောက်ပြန်မလာဘူးလို့ တွေးထားပေမဲ့
မနေနိုင်ပြန်ဘူး...ဟက် ရယ္စရာပဲ"

မှောက်အိပ်နေသူကို လက်မောင်းနှစ်ဖက်ကိုဆွဲကိုင်ကာ မျက်နှာချင်းဆိုင် ထိုင်စေလိုက်ပြီး....

"ကိုယ့်ကိုရှင်းပြ"

" ဘာကိုလဲ"

"ဘာလို့မူးအောင်သောက်လာရတာလဲ...ပြီးတော့ရုတ်တရက်ထွက်သွားရတဲ့အကြောင်းအရင်း"

သခင်လေးက ဖြာကျနေသောမျက်တောင်များကို နှစ်ချက်မျှခတ်ကာ နားထင်ကိုလက်ညှိုးနှင့်ကုတ်ခြစ်ရင်း ခမ်းကိုပြန်ကြည့်သည်။

"ပြောလေကွာ"

". ...."

"ဟာ.."

မျက်နှာချင်းဆိုင်ထိုင်နေရာကနေ ခမ်းရင်ဘတ်ကိုဆောင့်တွန်းလိုက်တာကြောင့် အိပ်ယာပေါ်လဲကျသွားရသည်။လဲကျသွားတာနဲ့တစ်ပြိုင်နက် ဗိုက်ပေါ်ကိုတက်ခွလာသူက ဘေးနှစ်ဖက်မှာရှိနေတဲ့ ခမ်းရဲ့လက်နှစ်ဖက်ကိုလည်း သူ့လက်တွေနဲ့ဖိချကာ မွေ့ယာပေါ်ဖိချထားသည်။

ရစ်ပတ်တတ်သောနွယ်မျှင်များ....Where stories live. Discover now