(၆)No Title

289 37 8
                                    

" မေမေ ဘယ်သွားတာလဲ"

နေစင်ရှင်းက မီးဖိုခန်း တံခါးဝကနေ မေးလိုက်သည်။ သူ မနက်ခင်း ကိုးနာရီ နိုးတော့ မျက်နှာသစ် အဝတ်အစားလဲပြီး ဆင်းလာတော့ မေမေ့ကို ဘယ်မှာမှ မတွေ့ရဘဲ တစ်အိမ်လုံးက တိတ်ဆိတ်လို့နေ၏။

" မမလေးက ကုမ္ပဏီ သွားပါပြီ အစ်ကိုလေး"

ကုမဏီဆိုသော စကားကိုကြားတော့ နေစင်ရှင်း မျက်ခုံးပင့်မိသွားသည်။

"ကုမ္ပဏီ?"

" ဟုတ်ကဲ့။ မမလေးက ကလောစက်မှုဇုန်မှာ ရုံးခန်းခွဲ ဖွင့်ထားတာ တော်တော်ကြာပြီ အစ်ကိုလေး"

နေစင်ရှင်းက စိတ်ထဲမှာသာ ခပ်တိုးတိုး လှောင်ရယ်ဖြစ်တော့၏။ ကြည့်ပါဦး။ အရာရာတိုင်းကို ဟိတ်နှင့်ဟန်နှင့် ပွဲနှင့်ကန္နားနှင့်မှ လုပ်ချင်သည့် ဒေါ်မဒီရှင်း။ ကလောမှာ သူတို့ စက်ရုံတွေလည်းမရှိသလို အခြားအကျိုးတူ စီးပွားဖက် လုပ်ငန်းစုများလည်း မရှိသည့်အတွက် ရုံးခန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာမှ ထူးခြားသွားမည်မဟုတ်သော်လည်း မေမေကတော့ သူ လုပ်သမျှ အရာရာတွင် ကိန်းကြီးခန်းကြီး ဆန်ဖို့ လိုလေသည်။ ဒေါ်မဒီရှင်း ပီသပါပေ၏။

သူက ဘာမှ ထပ်မမေးတော့ဘဲ ထမင်းစားစားပွဲတွင် ထိုင်လိုက်တော့ သူ့ရှေ့သို့ အငွေ့တထောင်းထောင်း တို့ဟူးပျော့တစ်ပွဲနှင့် လက်ဖက်ရည်တစ်ခွက်က အဆင်သင့် ရောက်လာ၏။ သူ ကလောကို သိပ်သဘောမကျသော်လည်း ရှမ်းပြည်တွင် စားရသော ရှမ်းအစားအစာက ပေးသည့် အန်ဒေါ်ဖင်ကိုတော့ အသိအမှတ် ပြုရပေမည်။

"အမိုး မီးမီးလည်း နွားညို့ သောက်ချင်တယ်"

သူ မနက်စာ စားနေတုန်း လုံးလုံးဆိုသည့် ကလေးမလေးက အိမ်နောက်ဖေး တံခါးပေါက်ကနေ ပြေးဝင်လာပါ၏။ သနပ်ခါးတွေ ဖွေးနေအောင် လိမ်းထားပြီး ပန်းနုရောင် ဂါဝန်ကလေးနှင့် ကလေးမလေးက သူ့အား မျက်လုံးဝိုင်းကြီးတွေနှင့် ပြူးနေအောင် ကြည့်လေသည်။ ကျစ်ဆံမြီး ကျစ်ထားသည့် ဆံပင်တွေပေါ်တွင်တော့ ဒေစီပန်းကလေးတွေကို သီထားသည့် ပန်းကုံးကလေး စွပ်ထား၏။

ရောင်ချမ်းတို့က ဒေစီပန်းကုံးတွေပါ ရောင်းတာလား။

" ဟယ် လုံးလုံး ပန်းကုံးက ဘယ်ကရလာတာလဲ"

နေရောင်ဝေးဝေးWhere stories live. Discover now