Part 38

631 41 4
                                    

Unicode

Firstလဲလေဆိပ်ကနေအိမ်ကိုပဲတန်းပြန်လာလိုက်တယ်။အခန်းထဲရောက်တော့ရေချိုးခန်းထဲဝင်ကာရေအရင်ချိုးလိုက်တယ်။သူနဲ့အတူပါလာတဲ့ကောင်လေးကတော့အောက်ထပ်မှာFirstရဲ့မိဘတွေနဲ့စကားပြောရင်းကျန်နေခဲ့တယ်။Firstလဲရေချိုးပြီးအပြင်ထွက်လာတော့အိပ်ရာပေါ်မှာလှဲရင်းဖုန်းကိုဖွင့်လိုက်တယ်။lock screenမှာပေါ်လာတဲ့ပုံကသူတို့သူငယ်ချင်းတွေအုပ်စုလိုက်ရိုက်ထားတဲ့ပုံပင်။ဖုန်းlockကိုဖြေလိုက်တော့ထပ်ပြီးတော့ပေါ်လာတဲ့ပုံကJaနဲ့သူနဲ့နှစ်ယောက်တွဲရိုက်ထားတဲ့ပုံပင်။Firstလဲပုံကိုကြည့်ရင်းနဲ့တယောက်တည်းပြောနေမိတယ်။

First - Jajaမင်းအဆင်ပြေတယ်မလားဟင်။Lilyနဲ့လက်ထပ်ပြီးလောက်ပြီးပေါ့နော်။ငါမင်းကိုမေ့နိုင်အောင်လို့တခြားနိုင်ငံကိုထွက်သွားပေမယ့်အခုချိန်ထိငါမင်းကိုမမေ့နိုင်သေးဘူး။ငါမင်းကိုမနှောင့်ယှက်မိအောင်ကြိုးစားရနေတုန်းပဲ။ဒါပေမယ့်ငါမင်းကိုမေ့ဖို့ကြိုးစားတော့မှာပါ။

Firstဓာတ်ပုံလေးကိုငေးကြည့်နေတုန်းသူနဲ့အတူပါလာတဲ့ကောင်လေးဝင်လာတယ်။

Boy - ဟေ့..bro...ဘယ်လိုတွေဖြစ်လို့ဆွေးတဲ့မျက်နှာဖြစ်နေရတာလဲ။

First - Nol...ငါ့ကိုစမနေစမ်းနဲ့။ရေချိုးတော့။ပြီးရင်အပြင်မှာdinnerထွက်စားမယ်။

Firstနဲ့အတူပါလာတဲ့ကောင်လေးနာမည်ကNol။Firstထိုင်းနိုင်ငံကနေထွက်သွားပြီးသူ့အကိုLukeတို့နဲ့အတူသွားနေခဲ့တယ်။Lukeတို့နဲ့နေပြီးတလလောက်ကြာတော့သူကိုရီးယားကိုတယောက်တည်းထွက်သွားခဲ့တယ်။ကိုရီးယားမှာကျောင်းစတက်တဲ့နေ့မှာပင်Nolနဲ့တွေ့ခြင်းပင်။Nolကထိုင်းလူမျိုးတယောက်ပေမယ့်ကိုရီးယားမှာ၁၀နှစ်အရွယ်ကတည်းကနေလာခဲ့ခြင်းပင်။Kpop boy bandတခုမှာdebutလုပ်ဖို့ပြင်ဆင်ထားပြီးပြီ။Firstနဲ့တွေ့တော့Nolကလဲထိုင်းလူမျိုးပဲဖြစ်တာကြောင့်ရင်းနှီးသွားကြခြင်းပင်။Debutမလုပ်ခင်ထိုင်းနိုင်ငံကိုအလည်ပြန်လိုက်လာခြင်းပင်။debutမလုပ်ခင်ကတည်းကfanတွေရနေတဲ့သူတယောက်လည်းဖြစ်တယ်။လေဆိပ်မှာတုန်းကNolနဲ့အတူဓာတ်ပုံလာရိုက်နေတဲ့fanတွေကြောင့်Firstတယောက်Nolကိုရပ်စောင့်နေရသေးသည်။ပိုဆိုးတာကFirstကိုပါidolနဲ့တူတယ်ဟုဆိုကာဓာတ်ပုံတွေအတူတွဲရိုက်သွားကြခြင်းပင်။

Should We Trust A Playboy's LoveWhere stories live. Discover now