Part - 18

1.4K 197 34
                                    

(Unicode Version)

" ကြင်ယာတော်လေးက
တော်တော်ကြည့်ကောင်းတာပဲ.."

အိမ်ရှေ့စံ မင်ယွန်းချောက ပန်းလက်ဖက်ရည်ကို တစ်ငုံငုံရင်းဆိုတော့ ဂျီမင်းသည် မျက်နှာအနည်းငယ် ပူသွားသယောင်။

" ဘယ်လိုပြောရမလဲ..
ပြောဖို့သင့်တော်ရဲ့လားမသိပေမယ့်
နန်းတွင်းထဲက အပျိုတော်တွေထက်
အများကြီးလှတယ်လို့ ဆိုရမလား.."

မျက်လုံးအနည်းငယ်ပြူးသွားသယောင် ဖြစ်သွားပေမယ့် ဆက်ပြောလာသည့် စကားကြောင့် ဂျီမင်းလည်း အိမ်ရှေ့စံနဲ့နည်းတူ လိုက်ရယ်လိုက်မိသည်။

"ကျွန်တော့်ရဲ့မိဖုရားဟွာကိုတော့
မမှီပေမယ့်လေ"တဲ့

မိဖုရားဟွာမည်သည် ယမန်နှစ်ကမှ အိမ်ရှေ့စံနှင့် ထိန်းမြားထားသည့် မိဖုရားကြင်အင်လက္ခဏာနှင့် ပြည့်စုံကာ ကျက်သရေရှိသည့် မိဖုရားတစ်ပါးပင်။
နတ်ဆရာမ,ကြွလာသည့်နေ့က တစ်ကြိမ်၊ မိမိ၏ လက်ထပ်ထိန်းမြားသည့်နေ့က တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာ တွေ့ဖူးပေမယ့် တွေ့တိုင်း ပါးချိုင့်တို့ပေါ်သည်အထိ ပြုံးပြတက်သော မိဖုရားတစ်ပါးပေမို့ ဂျီမင်းစိတ်ထဲ ရင်းနှီးနေပါသည်။

" ဒါနဲ့ ခုနကတုန်းက ကြင်ယာတော်လေး
အထိန်းတော်ရှင်းကို တစ်ခုခုမေးမြန်းနေသလိုပဲ"

ဂျီမင်းသည် အထိန်းတော်ရှင်းကို တစ်ချက်လှည့်ကြည့်လိုက်တော့ ပူပန်နေသည့်မျက်နှာဖြင့် ခေါင်းငုံ့သွားလေတော့ မျက်မှောင်ကိုကြုံလိုက်ပြီး

" ဟုတ်တယ်ဗျာ..
ဒါပေမယ့်အရမ်းနှုတ်လုံလွန်းတယ်..
ကြင်ယာတော်တစ်ယောက်အနေနဲ့တောင်
သိခွင့်မပေးကြဘူး.."

မိမိကိုယ့်ကိုယ် ရာထူးအာဏာပြခြင်းမဟုတ်ပေမယ့် သိလိုစိတ်ပြင်းနေသည်မို့ ထိုသို့နာမ်စားသုံးနှန်းလိုက်ခြင်းသာ။ ဂျီမင်း၏မျက်နှာထက်တွင် သိလိုစိတ်ပြင်းပြမှုတို့က လှပ်ဟပြနေလျက်။

" ဘာကိစ္စလဲမသိပေမယ့်
တစ်ခုခုဆို ကျွန်တော်ကိုမေးလေ"

အိမ်ရှေ့စံဘက်က ကမ်းလှမ်းကာဆိုလာတော့ ဂျီမင်း၏ မျက်ဝန်းများမှာ လက်ခနဲပင်ဖြစ်သွားရသည်။ သို့တိုင် သင့်တော်၏ မသင့်တော်၏ စဥ်းစားရသေးသည်မို့ စိတ်ထဲတွင် သို့လော သို့လောပင်။ ဒါပေမယ့်လည်း မိမိမှာ အရှင်၏သက်ဆိုင်သူမို့လို့ အရှင်နှင့်ပတ်သတ်သမျှ သိထားချင်သည့် စိတ်က လွှမ်းမိုးနေလေသည်။

ROYAL ||myg:pjm||Where stories live. Discover now