တဂျုန်းဂျုန်းအသံပေးလို့သွားနေတဲ့ရထားကြီးကဦးတည်ချက်မလွဲတရွေ့ရွေ့...
အချို့နှစ်ယောက်တွဲအခန်းတွေမှာတော့မီးပိတ်ကာအိပ်နေကြပေမယ့်တစ်ချို့အခန်းတွေကတော့မီးဖွင့်ထားဆဲ ရောက်တတ်ရာရာများပြောဆိုနေကြဆဲပင်
လိုက်ကာစချထားပြီဖြစ်တဲ့အခန်းထဲမှာတော့လူနှစ်ယောက်ကတစ်ယောက်တစ်ပြန်စိုက်ကြည့်နေကြတယ်
တိတ်ဆိတ်ခြင်းကြီးစိုးနေတဲ့အခန်းငယ်လေးထဲအလိုမကျသံတစ်သံကအရင်ထွက်လာတယ်
"ဘာ့လို့လိုက်လာလဲ မင်း"
"ကိုယ့်ယောက်ျားနောက်ကိုလိုက်တာလေ ဘာဖြစ်လဲ"
"မင်း... စကားကိုကြည့်ပြော "
"တည့်တည့်ကိုကြည့်ပြောနေတာလေ"
"ဝမ်ရိပေါ်!!"
"ရှောင်းကျန့်!!"
"ငါ့ကိုမအော်နဲ့!"
"အော်တာမဟုတ်ဘူး ခေါ်တာ
ကျုပ်ကိုရှင်း ဘာ့လို့အိမ်ကထွက်သွားတာလဲ""....."
မပြောချင်သလိုလူကိုကြည့်ပြီးပြတင်းပေါက်ဘက်မျက်နှာမူသွားတာမို့ဝမ်ရိပေါ်ကျွတ်သပ်လိုက်မိတယ်။
သူမကြိုက်တာအဲ့ဒါတွေလည်းပါတယ်
"ကျုပ်မေးနေတယ်လေ ရှောင်းကျန့်"
"ဘာလုပ်ရမှာလဲ"
"ရှောင်းကျန့်"
"ငါ့ကိုမအော်နဲ့လို့!!"
"ပြော ခင်ဗျားဘာဖြစ်ချင်နေတာလဲ ဘာ့လို့ခုလိုတွေလုပ်နေတာလဲ ပြော..."
သူတကယ်စိတ်မရှည်ချင်လာတော့ပေ ဘာအကြောင်းပြချင်မှမပေးဘာမှအသိမပေးဘဲနဲ့အိမ်ပေါ်ကနေဆင်းသွားတယ်
ဒါဘာသဘောလဲ ကိုယ့်ကိုသူ့ယောက်ျားလို့ရောသတ်မှတ်သေးရဲ့လားမသိဘူး"....."
"တွေ့လား အဲ့ဒါပဲ မေးရင်ဘယ်တော့မှဖြော်ဖြော်လော်လော်ပြန်ဖြေတယ်မရှိဘူး"
ဝမ်ရိပေါ်ရဲ့စိတ်မရှည်တဲ့စကားသံဆုံးတော့မျက်စောင်းတစ်ခုကဒိုင်းခနဲပဲ
"စိတ်ကုန်နေပြီမလား အေးပေါ့လေ အစတည်းကစိတ်ပါလို့လက်ထပ်ခဲ့တာမှမဟုတ်ဘဲ ...
ငါ့ဘက်ကသာတော်တော်ဖြစ်နေခဲ့မိတာ
မင်းလိုကောင်ကိုအရင်ကငါဘာကြည့်ပြီးကြိုက်မိမှန်းငါ့ကိုယ်ငါနားမလည်ဘူး"
YOU ARE READING
𝙳𝚘𝚗'𝚝 𝙻𝚎𝚝 𝙶𝚘 𝙾𝚏 𝙼𝚎 (𝐘𝐢𝐳𝐡𝐚𝐧 𝐎𝐧𝐞𝐬𝐡𝐨𝐭)
Fanfiction«𝐘𝐢𝐳𝐡𝐚𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐚𝐧𝐟𝐢𝐜𝐭𝐢𝐨𝐧»✓ 𝗪𝗔𝗡𝗚 & 𝗫𝗜𝗔𝗢. 𝘋𝘦𝘤𝘦𝘮𝘣𝘦𝘳 20,2021