Cringe Pronoun Alert !
°°°
" အီသန်က ကျွန်တော့်ကိုထားသွားတော့မှာပေါ့ "
လေလှိုင်းရဲ့ တစ်ဘက်ကအသံဟာ ခပ်စစလေသံနဲ့ ရယ်ရိပ်လွှမ်းတယ်။ ဒါဘာကိုဆိုလိုလဲဆိုတာ အီသန်သိနေပြီ။
" အီဟီဆွန်းရှီ လေယာဉ်ထွက်ပါတော့မယ်၊ ပြန်လာခဲ့ပါ။ အီဟီဆွန်းရှီ၊ အီဟီဆွန်းရှီ ! "
ဖုန်းအိမ်လေးထဲမှ ကြိုးဖုန်းလေးဟာ လွှတ်ချခံလိုက်ရတာကြောင့် လေထဲမှာတွဲလောင်း။
လေယာဉ်မောင်းသူရဲ့ အချက်ပေးသံဟာ ရယ်သံနှောတဲ့ အသံအက်ရှရှလောက်တောင် အာဏာစက်ပြင်းမနေခဲ့။ ခေါ်ခံရတဲ့ နာမည်ပိုင်ရှင်ဟာ ရယ်သံကလေးနောက်ကို လိုက်လေပြီ။
သူအချိန်မှီနိုင်ပါ့မလား ?
မှီပါ့မလားကွယ်။" ဒုန်း "
" ဆောင်းဟွန်း!! ဆောင်းဟွန်း!! "
တက္ကစီဆီက ပြန်အမ်းငွေပင်မစောင့်ဘဲ အလောတကြီးတံခါးကိုပြေးဖွင့်လိုက်တဲ့အခါ သူ့စိတ်တွေဟာ နှစ်ဆမောတယ်။
သူအချိန်မမှီခဲ့ပါလေ ။
မစ္စအယ်လန်ဟာ အသက်မဲ့လေပြီ ။စီးကာ တစစလျှံကျနေတဲ့ သွေးအိုင်တွေဘေး သက်ငယ်ငယ်ဟာ မျက်ဝန်းတွေခြိုက်သွားသည်အထိ အပြစ်ကင်းစင်စင် ပြုံးပြလာတော့လည်း အီသန်ဟာ ဒီလူသားလက်ကလေးကို ဖွဖွဆွဲပြီးပြေးလိုက်ချင်တဲ့အတွေးကလွဲ ဘာမှကိုမရှိတော့။
တံခါးဘောင်ကို မှီကာ ထိုင်ချလိုက်ရင်း၊ ဆောင်ဟွန်းကိုလှမ်းကြည့်လိုက်တယ်။
မြင်လိုက်ရတယ် ။ ဟီဆွန်းရဲ့ မျက်လုံးတွေမှာ နာမ်မဲ့သွားတာ။
" အီသန် ကျွန်တော့်ကို မချစ်ဘူးလားဟင်။ ကျွန်တော်သိတယ်။ အီသန်ထွက်ပြေးနေတာ။ ကျွန်တော့်ဆီကနေ အီသန်ထွက်ပြေးဖို့ လုပ်နေတာ။ "
ရယ်မောနေရာကနေ ညှိုးကျလာတဲ့မျက်နှာနဲ့အတူ ပြောဆိုလာတဲ့ သက်ငယ်ငယ်စကားမှာ ရင်ထဲကတဆစ်ဆစ်နာရတယ်။
ပြောရက်လိုက်ပါဘိ ကိုယ့်ကလေးရယ်။ ကိုယ်ဘယ်လောက်ထွက်ပြေးပြေး မင်းရစ်ချည်တဲ့ ကြိုးတွေဆီက လွတ်မှာတဲ့လား။ ကိုယ့်ကိုကြည့်လိုက်စမ်းပါ၊ မင်းရဲ့ အတ္တရောင်လွှမ်းတဲ့ ကြိုးတွေကို ကိုယ်တိုင်ရစ်တွယ်ခံထားတာလေ။ မငိုစမ်းပါနဲ့။