အပိုင်း(၁၂)

423 45 4
                                    

       ""ကဲ... နောက်တစ်နေရာဘယ်ကိုသွားကြမလဲ""

      လူစုံပြီဖို့ သော်တာ့ရဲ့ ဆော်သြသံကိုကြားရသည်။လည်ဖို့ပတ်ဖို့ဆို နှစ်ခါခေါ်စရာမလို တက်ကြွလွန်းလှသည်။အကြောင်းသိပြီးသား နွယ်နှင့်ရှိန်းအတွက်ကတော့ မထူးဆန်းတော့။

        ""မီတို့ ကျောက်စိမ်းဘုရားသွားရအောင်လေ...မရောက်ဖူးတဲ့သူများမယ်ထင်တယ်...ဘုရားတည်ပြီးတာကသိပ်မကြာသေးလို့လေ...""

     အသံလာရာကို အားလုံးပြိုင်တူကြည့်မိကြသည်။မီဟုခေါ်သော ထိုမိန်းကလေးနှင့် အကြည့်ချင်းဆုံခိုက် ကိုယ့်ကိုပြုံးပြနေသောကြောင့် ရှိန်းပြန်ပြုံးပြလိုက်ရသည်။ဒီနေ့အဖို့ အပြုံးလှလှပိုင်ရှင်တွေနှင့် ဆုံနေရတာပါ့လား။ကိုယ့်ရင်ကိုသိမ့်သိမ့်လှိုက်ခုန်စေသော အပြုံးကိုမမီသော်ငြား
နှစ်လိုဖွယ်ကောင်းသည်ကိုတော့ ဝန်ခံရပေလိမ့်မည်။

       ""အယ်...ဟုတ်တယ်  ဟုတ်တယ်...သော်တာတို့ ကျောက်စိမ်းဘုရားကိုမရောက်ဖူးသေးဘူး...သွားကြရအောင်လေ""

     အားလုံးသဘောတူကြသဖြင့် ကျောက်စိမ်းဘုရားဆီ ထွက်ခွာခဲ့ကြသည်။

     ဘုရားကခုမှတည်ပြီးသည်ဆိုသော်ငြား ဘုရားဖူးများနှင့် စည်ကားလှသည်။ဆောက်လက်စအဆောက်အဦးများက အများသား။ဘုရားပူဇော်ရန်အတွက် ပန်းသည်များကလည်းအလုအယက်ရောင်းနေကြသည်။ပန်းကပ်မည်ဟုစဥ်းစားမိပြီး ပန်းသည်များဆီ ကြည့်မိတော့ ရှိန်းမျက်လုံးထဲတွင် အထူးအဆန်းဖြစ်ရသည်က ကြာပန်းများပင်။ကြာပြာစည်းလေးတွေ။သော်တာတို့အတွက်ပါဝယ်ကာ ဘုရားရင်ပြင်ပေါ်သို့တက်ခဲ့သည်။မလးငယ်နှင့်သော်တာကတော့မရောက်ကြသေး။ရှိန်းကသာဘုရားရင်ပြင်ပေါ်သို့တန်းတက်ခဲ့ခြင်းပါ။

     ရင်ပြင်ပေါ်တွင်ရပ်စောင့်နေခိုက်...

       ""ဟိတ်...""

     ပုခုံးကိုပုတ်လိုက်သည်မို့ အသံကြားရာဆီသို့ ကြည့်လိုက်တော့ မီဆိုသည့်တစ်ယောက်။ရှိန်းအသာပြုံးပြဖြစ်သည်။သူကလည်းပြုံးပြကာ ရှိန်းအနားသို့ရပ်လာသည်။

မောင့်ရဲ့ရင်တွင်း ပြိုသက်ဆင်းစေWhere stories live. Discover now